North America
တရုတ် နိုင်ငံတော် ကောင်စီဝင် နှင့် အမေရိကန် အဆင့်မြင့်အရာရှိကြီးများ နှစ်နိုင်ငံ ဆက်ဆံရေးအကြောင်း ဆွေးနွေး
ဝါရှင်တန်၊ စက်တင်ဘာ ၁၄ ရက် (ဆင်ဟွာ)
တရုတ်နိုင်ငံတော် ကောင်စီဝင် ယန်ကျဲ့ချီသည် အမေရိကန်နိုင်ငံ အမျိုးသား လုံခြုံရေး အကြံပေးပုဂ္ဂိုလ် H.R. McMaster နှင့် သမ္မတ ဒေါ်နယ်ထရမ့်၏ အဆင့်မြင့် အကြံပေး Jared Kushner တို့နှင့် စက်တင်ဘာလ ၁၃ ရက်က အိမ်ဖြူတော်၌ တွေ့ဆုံကာ နှစ်နိုင်ငံ ဆက်ဆံရေး မြှင့်တင်ရန်အတွက် ဆွေးနွေးခဲ့ကြောင်း သိရသည်။
နှစ်နိုင်ငံ တာဝန်ရှိသူများသည် တရုတ်-အမေရိကန် ဆက်ဆံရေးများ၊ ဘုံဆက်စပ်မှုရှိသော နိုင်ငံတကာနှင့် ဒေသဆိုင်ရာ ကိစ္စရပ်များအပေါ် အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့ကြသည်။
နယ်ပယ်အားလုံး၌ ဆက်သွယ်ရေး ခိုင်မာရေး၊ ပူးပေါင်းဆောင်ရွက်မှု ချဲ့ထွင်ရေး၊ တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်၏ ဖိတ်ကြားချက်အရ ယခုနှစ်ကုန်ပိုင်းတွင် သမ္မတ ထရမ့်၏ တရုတ်နိုင်ငံ ခရီးစဉ်အတွက် ကောင်းမွန်စွာ ပြင်ဆင်ရာတွင် အတူတကွ ဆောင်ရွက်ရေး၊ နှစ်နိုင်ငံ ဆက်ဆံရေး တည်ငြိမ်စွာ ဖွံ့ဖြိုးတိုးတက်ရေး နှစ်ဦးနှစ်ဘက် သဘောတူခဲ့ကြကြောင်း သိရသည်။
ယန်သည် စက်တင်ဘာလ ၁၀ ရက်မှ ၁၁ ရက်အထိ ဂျမေကာနိုင်ငံသို့ ချစ်ကြည်ရေးခရီး သွားရောက်ခဲ့ကြောင်း၊ စက်တင်ဘာလ ၁၂ ရက်တွင် အမေရိကန်သို့ ရောက်ရှိခဲ့ကာ အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ရက်စ်တီလာဆန်နှင့် တွေ့ဆုံခဲ့ကြောင်း သိရသည်။ ထို့နောက် ယန်သည် စပိန်နိုင်ငံ အစိုးရ၏ ဖိတ်ကြားချက်အရ စက်တင်ဘာလ ၁၄ ရက်နှင့် ၁၅ ရက်များတွင် စပိန်နိုင်ငံသို့ သွားရောက်မည် ဖြစ်သည်။ (Xinhua)