Connect with us

North America

အမေရိကန်တွင် ကိုယ်ပိုင်လေယာဉ်တစ်စီးပျက်ကျရာ မိသားစုဝင်လေးဦးသေဆုံး

မြို့ပြလေကြောင်းကင်းလှည့်တပ်ဖွဲ့ မှ လေယာဉ်တစ်စီးအားတွေ့ရစဉ် (ဓါတ်ပုံ-အင်တာနက်)

လော့စ်အန်ဂျလိစ်၊ စက်တင်ဘာ ၁၇ ရက် (ဆင်ဟွာ)

အမေရိကန်နိုင်ငံ အရှေ့အလယ်ပိုင်း ကော်လိုရာဒိုပြည်နယ် တွင် ကိုယ်ပိုင်လေယာဉ်တစ်စီးပျက်ကျရာ မိသားစုဝင် လေးဦးသေဆုံးသွားကြောင်း အာဏာပိုင်များက စက်တင်ဘာ ၁၆ ရက်တွင်ပြောကြားခဲ့သည်။

ဂါဖီးစီရင်စုရဲဋ္ဌာန၏ ထုတ်ပြန်ချက်အရ လေယာဉ်ပေါ်တွင် လိုက်ပါလာသော လူကြီး ၂ဦး နှင့် ကလေးငယ် ၂ဦး သေဆုံးခဲ့ကြောင်း သိရသည်။ရဲဋ္ဌာနက လေယာဉ်သည် Fort Collins မြို့မှ Utah ပြည်နယ် Moabမြို့သို့ နံနက်အစောပိုင်းတွင် ဦးတည်ပျံသန်းနေခြင်းဖြစ်ကြောင်း၊ ကောင်းကင်မှရှာဖွေမှုကို အထောက်အကူပြုနိုင်ရန် မြို့ပြလေကြောင်းကင်းလှည့်တပ်ဖွဲ့ နှင့် Classic Air လေကြောင်းလိုင်းတို့ကို အကူအညီတောင်းခဲ့ကြောင်း ပြောကြားခဲ့သည်။

တိမ်များအလွန်အမင်းထူထပ်နေ၍ လေကြောင်းမှ ရှာဖွေမှုကိုချက်ချင်းဆောင်ရွက်နိုင်ခြင်းမရှိကြောင်း နှင့် နောက်ဆုံးအဆက်အသွယ်ရရှိခဲ့သော နေရာသည် Glenwood Springs မြို့မြောက်ဘက် ၉မိုင်အနီးအနားတွင်ဖြစ်ကြောင်း သိရသည်။အဆိုပါလေယာဉ်အား နံနက် ၁၁း၃၇မိနစ်တွင် ရှာဖွေတွေ့ရှိခဲ့ပြီး လေယာဉ်အပျက်အစီးများရှိရာသို့ Classic Air လေကြောင်းက ဆင်းသက်ရှာဖွေမှုများပြုလုပ်ခဲ့ကာ အသက်ရှင်ကျန်ရစ်သူမရှိကြောင်း ထုတ်ပြန်ချက်အရ သိရသည်။ရဲဋ္ဌာနက သေဆုံးသွားသည့် မိသားစုဝင်များ၏ ကိုယ်ရေးအချက်အလက်များကို ထုတ်ပြန်ခြင်းမရှိသေးဘဲ လေယာဉ်ပျက်ကျရခြင်းအကြောင်းအရင်း နှင့် ပျက်ကျချိန်အတိအကျကိုလည်း ရှင်းလင်းစွာ သိရှိခြင်းမရှိသေးကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.