Connect with us

North America

မက္ကဆီကို နိုင်ငံ တွင် ဖြစ်ပွားခဲ့သည့် ငလျင်ကြောင့် သေဆုံးသူပေါင်း ၉၈ ဦး အထိ ရောက်ရှိလာ

မက္ကဆီကို နိုင်ငံ တွင် ငလျင် ဖြစ်ပွား ပြီးနောက် ကယ်ဆယ်ရေး လုပ်ငန်းများ ဆောင်ရွက်နေစဉ်(ဆင်ဟွာ)

မက္ကဆီကိုစီးတီး ၊ စက်တင်ဘာ ၁၄ ရက် (ဆင်ဟွာ)

မက္ကဆီကို နိုင်ငံ တွင် ဖြစ်ပွားခဲ့သည့် ငလျင်ကြောင့် သေဆုံးသူပေါင်း ၉၈ ဦး အထိ ရောက်ရှိလာ ပြီး မက္ကဆီကို နိုင်ငံ သမ္မတ Enrique Pena Nieto က စက်တင်ဘာ ၁၃ ရက်နေ့၌ ငလျင်ဖြစ်ပွားရာ နေရာသို့ သွားရောက်ကြည့်ရှု စဉ် အစိုးရ အနေဖြင့် ငလျင်ဒဏ်ခံရသောသူ များအား ကူညီထောက်ပံ့ပေး သွားမည် ဖြစ်ကြောင်း ပြောကြား ခဲ့သည်။

မက္ကဆီကို နိုင်ငံ ပြည်ထဲရေး ဝန်ကြီးဌာန ဝန်ကြီး Osorio Chong က မက္ကဆီကို နိုင်ငံ အစိုးရ အနေဖြင့် ငလျင် ဖြစ်ပွားရာ ဒေသများ သို့ ပိုမိုများပြားသည့် ဆေးဘက်ဆိုင်ရာ ဝန်ထမ်း များကို စေလွှတ် ခဲ့ပြီး ငလျင် ဒဏ်သင့် ပြည်သူလူထု တို့လိုအပ်သည့် ပစ္စည်းများကိုလည်း ပိုမို ပို့ဆောင်ပေးနေကြောင်း ပြောကြား ခဲ့သည်။

ထို့ပြင် ပြည်ထဲရေး ဝန်ကြီး Osorio Chong က ယခုအကြိမ် ဖြစ်ပွား ခဲ့သည့် ငလျင်ကြောင့် သေဆုံးသူပေါင်း ၉၈ ဦး ရှိလာပြီး Oaxaca ပြည်နယ် နှင့် Chiapas ပြည်နယ် တို့တွင် လူပေါင်း ၂.၃ သန်းခန့် ဘေး ဒုက္ခခံခဲ့ရကြောင်း ၊ ယင်းဒေသ နှစ်ခုတွင် လက်ရှိချိန်၌ သွားလာရန် ခက်ခဲနေသော်လည်း အစိုးရ ၏ ကယ်ဆယ်ရေး လုပ်ငန်းများသည် နေရာ အနှံ့သို့ ရောက်ရှိနိုင်ခဲ့ပြီး ဖြစ်ကြောင်း ပြောကြား ခဲ့သည်။

မက္ကဆီ ကို နိုင်ငံ တွင် စက်တင်ဘာ ၇ ရက်နေ့ ညပိုင်းအချိန်၌ အင်အား ရစ်(ခ်)တာစကေး (၈.၂) အဆင့်ရှိ ငလျင် ဖြစ်ပွားခဲ့သည်။ မက္ကဆီကို နိုင်ငံ အမျိုးသား ငလျင်တိုင်းတာရေး စခန်း၏ ထုတ်ပြန်ချက် အရ ယခုတစ်ကြိမ် ဖြစ်ပွား ခဲ့သည့် ငလျင် သည် Chiapas ပြည်နယ် အနောက်တောင်ပိုင်း ၁၃၇ ကီလိုမီတာ အကွာအဝေးရှိ ပင်လယ်ပြင်တွင် ဖြစ်ပွား ခဲ့ပြီး အင်အား ရစ်(ခ်)တာစကေး (၈.၂) အဆင့်ရှိကာ ငလျင် သည် မြေပြင်အောက်အနက် ၁၉ ကီလိုမီတာ တွင် ဗဟိုပြုလှုပ်ခတ် ခဲ့ကြောင်း သိရှိရသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.