Connect with us

North America

တရုတ် နှင့် အမေရိကန် နိုင်ငံတို့ကုန်သွယ်ရေး ဆွေးနွေးပွဲများ အတွက် အခြေအနေကောင်းများ ပူးတွဲ ဖန်တီးရန် သဘောတူ

အမေရိကန် နိုင်ငံရှိ အိမ်ဖြူတော်အား တွေ့ ရစဉ်(ဆင်ဟွာ)

ပေကျင်း ၊ စက်တင်ဘာ ၅ ရက်(ဆင်ဟွာ)

တရုတ် နှင့် အမေရိကန် ကုန်သွယ်ရေး စေ့စပ်ညှိနှိုင်းသူ အကြီးအကဲများက အောက်တိုဘာလတွင် ထပ်မံ ပြုလုပ်မည့် ဆွေးနွေးညှိနှိုင်းမှုများ အတွက် အခြေအနေကောင်းများ ဖန်တီးရန် ခိုင်မာသည့် လုပ်ဆောင်ချက် များအား ပူးတွဲဆောင်ရွက်သွားရန် စက်တင်ဘာ ၅ ရက်တွင် သဘောတူခဲ့ကြကြောင်း သိရသည်။

အဆိုပါ သဘောတူညီချက်များသည် တရုတ်-အမေရိကန် ပြီးပြည့်စုံသော စီးပွားရေး ဆွေးနွေးမှု၏ တရုတ်ဘက် မှ အကြီးအကဲ ဖြစ်သူ တရုတ် နိုင်ငံ ကွန်မြူနစ် ပါတီ ဗဟို ကော်မတီ နိုင်ငံရေး ဗျူရို အဖွဲ့ဝင် နှင့် နိုင်ငံတော် ကောင်စီ ဒုတိယ ဝန်ကြီးချုပ် လျှိုဟဲ(Liu He) သည် အမေရိကန် နိုင်ငံ ကုန်သွယ်ရေး ကိုယ်စားလှယ် ရောဘတ် လိုက်သီဇာ (Robert Lighthizer) နှင့် ဘဏ္ဍာရေး အတွင်းဝန် Steven Mnuchin တို့၏ ဖိတ်ခေါ်မှု ပြုလုပ်ခဲ့သော တယ်လီဖုန်းဖြင့် ဆွေးနွေးမှု အရ ဖြစ်ကြောင်း သိရသည်။

နှစ်ဘက်လုံးက ၁၃ ကြိမ်မြောက် တရုတ်-အမေရိကန် အဆင့်မြင့် စီးပွားရေး နှင့် ကုန်သွယ်ရေး ဆွေးနွေး ညှိနှိုင်းမှုများအား အမေရိကန် နိုင်ငံ၌ အောက်တိုဘာလ အစောပိုင်းတွင် ပြုလုပ်သွားရန် နှင့် ယင်းဆွေးနွေး ညှိနှိုင်းမှုများ မတိုင်မီ အထိ အနီးကပ် ဆက်ဆံရေးကို ထိန်းသိမ်းသွားရန် သဘောတူခဲ့ကြောင်း သိရသည်။

နှစ်ဘက်လုံး၏ လုပ်ငန်း အဖွဲ့များက အဆင့်မြင့် ဆွေးနွေးပွဲတွင် သိသိသာသာ တိုးတက်မှုများ ရရှိရေး အတွက် အပြည့်အ၀ ကြိုတင်ပြင်ဆင်မှုများ လုပ်ဆောင်ရန် ဆွေးနွေးညှိနှိုင်းမှုများအား စက်တင်ဘာလလယ်တွင် အပြင်းအထန် လုပ်ဆောင်သွားလိမ့်မည် ဖြစ်ကြောင်း သိရသည်။

တရုတ် ကုန်သွယ်ရေး ဝန်ကြီး Zhong Shan ၊ တရုတ် ပြည်သူ့ဘဏ် အုပ်ချုပ်ရေးမှူး Yi Gang နှင့် အမျိုးသား ဖွံ့ဖြိုး တိုးတက်ရေး နှင့် ပြုပြင် ပြောင်းလဲရေး ကော်မရှင် ဒုတိယ ဥက္ကဋ္ဌ Ning Jizhe တို့ကလည်း ဖုန်းဖြင့် ဆွေးနွေးမှုများတွင် တစ်စိတ်တစ်ပိုင်း ပါဝင်ခဲ့ကြောင်း သိရသည်။(Xinhua)