Connect with us

North America

အီရန် ရေနံသယ်ယူပို့ဆောင်ရေး ကွန်ရက်တစ်ခုကို အမေရိကန်က ပိတ်ဆို့မှုများ ပြုလုပ်

ဂျီဘရော်တာ(Gibraltar)ရေလက်ကြားတွင် သြဂုတ်လ ၁၅ ရက်က အီရန် ရေနံတင်သင်္ဘောတစ်စီးအား တွေ့ရစဉ် (ဆင်ဟွာ)

ဝါရှင်တန်၊ စက်တင်ဘာ ၅ ရက်(ဆင်ဟွာ)

အီရန်ရေနံသယ်ယူပို့ဆောင်ရေးကွန်ရက်တစ်ခုကို ပိတ်ဆို့လိုက်ပြီဖြစ်ကြောင်း အမေရိကန် ဘဏ္ဍာရေးဝန်ကြီးဌာနက စက်တင်ဘာ ၄ ရက်တွင် ကြေညာခဲ့သည်။

ယခုပိတ်ဆို့မှုတွင် ကုမ္ပဏီလုပ်ငန်း ၁၆ ခု ၊ လူပုဂ္ဂိုလ် ၁၀ ဦးနှင့် ရေယာဉ် ၁၁ စီး ပါဝင်ကြောင်း အမေရိကန်ဘဏ္ဍာရေးဝန်ကြီးဌာန၏ ကြေညာချက်တွင် ဖော်ပြထားသည်။ အဆိုပါ ရေနံပို့ဆောင်ရေး ကွန်ရက်မှာ အီရန်တော်လှန်ရေးအစောင့်တပ်(IRGC)လက်အောက်ခံ အဆင့်မြင့်အရာရှိနှင့် အခြားအီရန်အရာရှိအချို့က ညွှန်ကြားထိန်းချုပ်ထားခြင်းဖြစ်ပြီး တရားမဝင် အီရန်ရေနံများကို သယ်ယူပို့ဆောင်ရောင်းချနေကြောင်း ဆိုသည်။

အီရန်ရေးရာ အမေရိကန်အထူးကိုယ်စားလှယ် Brian Hook က ယခုအကြိမ် ပိတ်ဆို့မှုသည် အီရန်အပေါ် အစွန်းဆုံး ဖိအားပေးမှုများ၏နောက်ဆက်တွဲဖြစ်ကြောင်း ၊ နောက်ပိုင်းတွင်လည်း ပိတ်ဆို့ကို ပိုမိုတိုးချဲ့ဆောင်ရွက်သွားမည်ဖြစ်ပြီး ဆွေးနွေးပွဲစကားဝိုင်းသို့ အီရန်ပြန်လည်ရောက်ရှိလာရန် စီးပွားရေးဝင်ငွေအရင်းအမြစ်ကို ဖြတ်တောက်သွားမည်ဖြစ်ကြောင်း စက်တင်ဘာ ၄ ရက် အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာနတွင် ကျင်းပသည့်သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။

၂၀၁၈ ခုနှစ် မေလတွင် အမေရိကန်က အီရန်နျူကလီးယား သဘောတူညီချက်မှ နုတ်ထွက်ကြောင်း တစ်ဖက်သတ်ကြေညာခဲ့ပြီးနောက် အီရန်အပေါ် ပိတ်ဆို့မှုများ ပြန်လည်ဆောင်ရွက်ခဲ့သည်။ ယခုနှစ် မေလတွင် အီရန်က နျူကလီးယားသဘောတူညီချက်ပါ အကြောင်းအရာတစ်ချို့ကို ရပ်ဆိုင်းရန် ကြေညာခဲ့သည်။ အမေရိကန်-အီရန် ဆက်ဆံရေး ဆိုးဝါးလာသည်နှင့်အမျှ ပင်လယ်ကွေ့ဒေသအခြေအနေကလည်း တင်းမာမှုများရှိနေသည်။ ယခုလပိုင်းများတွင် အမေရိကန်က အီရန်အပေါ် ပိတ်ဆို့မှုများ ဆက်တိုက်ဆိုသလို ပြုလုပ်ခဲ့ရာ အီရန်ကလည်း ဖိအားပေးမှုကြောင့် အမေရိကန်နှင့်ဆွေးနွေးမှုများ ပြုလုပ်မည်မဟုတ်ကြောင်း အကြိမ်ပေါင်းများစွာ အလေးအနက်ထားပြောကြားခဲ့သည်။

အီရန်တော်လှန်ရေးအစောင့်တပ်(IRGC)နှင့် ၎င်း၏လက်အောက်ခံအဖွဲ့ကို အမေရိကန် အိမ်ဖြူတော်က ယခုနှစ် ဧပြီလတွင် အကြမ်းဖက်အဖွဲ့အစည်းဖြစ်ကြေညာခဲ့ကြောင်း သိရသည်။

(Xinhua)