Connect with us

North America

တောင်ကယ်လီဖိုးနီးယားတွင် ပစ်ခတ်မှုဖြစ်ပွားရာ အနည်းဆုံး လူ ၄ ဦးသေဆုံး

အမေရိကန်နိုင်ငံကယ်လီဖိုးနီးယားပြည်နယ် လော့စ်အိန်းဂျလိစ်မြို့ရှိ Salvadore Castro အလယ်တန်းကျောင်းတွင် ၂၀၁၈ ခုနှစ် ဖေဖော်ဝါရီ ၁ ရက်က သေနတ်ပစ်ခတ်မှုဖြစ်ပွားပြီးနောက် လုံခြုံရေးတပ်ဖွဲ့ဝင်များအားတွေ့ရစဉ်(ဆင်ဟွာ/အေအက်ပီ)

 

လော့စ်အိန်းဂျလိစ်၊ ဧပြီ ၁ ရက်(ဆင်ဟွာ)

အမေရိကန်နိုင်ငံ လော့စ်အိန်းဂျလိစ်မြို့လယ်ခေါင်မှာ အရှေ့တောင်ဘက် ၅၅ ကီလိုမီတာအကွာရှိ အောရိန်းမြို့တွင် မတ် ၃၁ ရက် ညနေပိုင်းက သေနတ်ပစ်ခတ်မှုတစ်ခုဖြစ်ပွားရာ အနည်းဆုံး လူ ၄ ဦးသေဆုံးပြီး အခြား ၂ ဦး ထိခိုက်ဒဏ်ရာရသွားကြောင်း ပြည်တွင်း NBC သတင်းဌာနက ဖော်ပြခဲ့သည်။

အဆိုပါပစ်ခတ်မှုသည် ဒေသစံတော်ချိန် ညနေ ၅ နာရီခွဲတွင်ဖြစ်ပွားခဲ့ပြီး အခင်းဖြစ်နေရာတွင် “ သေဆုံးသွားတဲ့သူတွေပါအဝင် အပစ်ခံရတဲ့လူတွေအများကြီးပါပဲ ”ဟု အောရိန်းမြို့ရဲတပ်ဖွဲ့၏ ပြောကြားချက်ကို ကိုးကား၍ သတင်းက ဆိုသည်။

အခင်းဖြစ်နေရာတွင် လူ ၄ ဦးသေဆုံးကြောင်း နှင့် ဒဏ်ရာရသော အခြား ၂ ဦးကို နီးစပ်ရာဆေးရုံများသို့ ပို့ဆောင်ပေးခဲ့ကြောင်း အောရိန်းမြို့အပါအဝင် တောင်ကယ်လီဖိုးနီးယားအတွင်းရှိ ဒေသခံ ၁.၂ သန်း ကျော်ကို မီးသတ် နှင့် ဆေးဘက်ဆိုင်ရာအရေးပေါ် ကူညီကယ်ဆယ်ရေးဆောင်ရွက်ပေးနေသည့် မြို့တော်မီးသတ်တပ်ဖွဲ့အာဏာပိုင်အဖွဲ့၏ ပြောကြားချက်အရ သိရသည်။

အခင်းဖြစ်နေရာတွင် လူများစွာ ပစ်ခတ်ခံခဲ့ရကြောင်း နှင့် အချို့မှာ သေဆုံးသွားကြောင်း သို့သော် လူဦးရေအတိအကျကို မသိရှိရသေးကြောင်း ရဲအရာရှိတစ်ဦး၏ အတည်ပြုချက်ကို အမေရိကန်ပြည်တွင်း ABC 7 ရုပ်သံချန်နယ်က ထုတ်လွှင့်ခဲ့သည်။

သေနတ်သမားသံသယတရားခံကို ဖမ်းမိထားပြီး ဆေးရုံတစ်ခုသို့ ပို့ဆောင်ပေးထားကြောင်းနှင့် ၎င်း၏ အခြေအနေနှင့်ပတ်သက်၍ မသိရှိရသေးကြောင်း သတင်းက ဆိုသည်။(Xinhua)
————————————
(English Version)
At least 4 killed in S. California shooting
LOS ANGELES, March 31 (Xinhua) — A shooting occurred Wednesday evening in the city of Orange, 55 km southeast of Los Angeles downtown, leaving at least four people dead and two others injured, local NBC news channel reported.
The Orange Police Department was quoted as saying that they responded to reports of a shooting around local time 5:30 p.m. (0030 GMT) and then found “multiple victims at the scene including fatalities” where shots were being fired.
Four people were pronounced dead at the scene and two others were transported to nearby hospitals, according to the Metro City Fire Authority Dispatch, an emergency organization providing fire and emergency medical services to over 1.2 million residents in Southern California, including the city of Orange.
Local ABC 7 news channel said police only confirmed that there were several victims at the scene, and some were killed but an exact victim count was not available.
The suspected shooter was in custody and transported to a hospital in unknown condition. Enditem

Police guard a roadblock to Salvadore Castro Middle School in Los Angeles, California on February 1, 2018, where two students were wounded, one critically, in a school shooting. (Xinhua/AFP PHOTO)