Connect with us

North America

တောင်ကိုရီးယားနိုင်ငံနှင့် သြဂုတ်လအတွင်း စစ်ရေးလေ့ကျင့်မှုများကို ပင်တဂွန် ဆိုင်းငံ့

အမေရိကန်နိုင်ငံ သမ္မတ ဒေါ်နယ်ထရမ့် (ယာ) နှင့် မြောက်ကိုရီးယားနိုင်ငံ ခေါင်းဆောင် ကင်ဂျုံအန်တို့အား တွေ့ရစဉ် (ဆင်ဟွာ)

ဝါရှင်တန်၊ ဇွန် ၁၉ ရက် (ဆင်ဟွာ)

အမေရိကန်နိုင်ငံ ကာကွယ်ရေးဌာနက တောင်ကိုရီးယားနိုင်ငံနှင့် သြဂုတ်လအတွင်း စစ်ရေးပူူးတွဲလေ့ကျင့်ရန် စီစဉ်ထားမှုများအားလုံးကို ဆိုင်းငံ့လိုက်ကြောင်း ဇွန်လ ၁၈ ရက်က ကြေညာလိုက်သည်။

“အမေရိကန်စစ်တပ်က သြဂုတ်လအတွင်း ကာကွယ်ရေးဆိုင်ရာ လေ့ကျင့်မှု (Freedom Guardian) အတွက် စီစဉ်ထားတာတွေအားလုံးကို ဆိုင်းငံ့လိုက်ပါတယ်” ဟု ပင်တဂွန်ပြောခွင့်ရပုဂ္ဂိုလ် ဒန်နာဝှိုက် (Dana White) က ပြောကြားခဲ့သည်။

အဆိုပါ ဆုံးဖြတ်ချက်က “ကျွန်မတို့ရဲ့ မဟာမိတ် ကိုရီးယားနိုင်ငံရဲ့ ပူးပေါင်းမှုမှာ အမေရိကန်နိုင်ငံ သမ္မတ ဒေါ်နယ်ထရမ့်ရဲ့ ကတိက ပြောင်းလဲမှုမရှိပါဘူး” ဟု သူက သတင်းထုတ်ပြန်ချက်တွင် ပြောကြားလိုက်သည်။

အမေရိကန်နိုင်ငံအနေဖြင့် တောင်ကိုရီးယားနိုင်ငံနှင့် စစ်ရေးလေ့ကျင့်မှုများကို ရပ်တန့်မည်ဖြစ်ကြောင်း ပြီးခဲ့သည့် သီတင်းပတ်က စင်ကာပူနိုင်ငံတွင် မြောက်ကိုရီးယားနိုင်ငံ ခေါင်းဆောင် ကင်ဂျုံအန်နှင့် သမိုင်းဝင် ထိပ်သီးအစည်းအဝေး၌ ထရမ့်က ပြောကြားခဲ့သည်။

နောက်ဆက်တွဲ စစ်ရေးလေ့ကျင့်မှုများအတွက်မူ အဆိုပါ ပြောခွင့်ရပုဂ္ဂိုလ်က “တွဲဖက် ပူးပေါင်းဆောင်ရွက်မှုတွေကတော့ ဆက်ပြီးရှိနေပါမယ်။ စစ်ရေးလေ့ကျင့်မှုတွေအနေနဲ့ကတော့ ဘာဆုံးဖြတ်ချက်မှ မချရသေးပါဘူး” ဟု ပြောကြားခဲ့သည်။

အဆိုပါ ကိစ္စနှင့်ပတ်သက်၍ အမေရိကန်နိုင်ငံ ကာကွယ်ရေးဝန်ကြီး ဂျိမ်းစ်မတ်တစ် (James Mattis) ၊ နိုင်ငံခြားရေးဝန်ကြီး မိုက်ပေါ်မ်ပီရို (Mike Pompeo) နှင့် အမျိုးသား လုံခြုံရေးအကြံပေး ဂျွန်ဘော်လ်တန် (John Bolton) တို့ တက်ရောက်ကြမည့် အစည်းအဝေးကို ယခု သီတင်းပတ်ကုန်တွင် ပြုလုပ်မည် ဖြစ်ကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.