Connect with us

North America

ထရန့်နှင့်မက္ကဆီကို သမ္မတသစ် ကုန်သွယ်ရေးနှင့်ရွှေ့ပြောင်းနေထိုင်သူများ အရေးကိစ္စအား ဆွေးနွေး

အမေရိကန်-မက္ကဆီကို နယ်စပ်အား တွေ့ရစဉ် (ဆင်ဟွာ)

ဝါရှင်တန် ၊ ဇူလိုင် ၃ ရက်(ဆင်ဟွာ)

ကုန်သွယ်ရေးနှင့်ရွှေ့ပြောင်းနေထိုင်သူများ အရေးကိစ္စကို ထရန့်နှင့် မက္ကဆီကို သမ္မတ Obradorက ဇူလိုင်လ ၂ ရက်နေ့တွင် ဖုန်းဖြင့်ဆွေးနွေးခဲ့ကြောင်း အမေရိကန် အိမ်ဖြူတော် အရာရှိက ထိုနေ့တွင် ပြောကြားခဲ့သည်။

ထရန့်နှင့် မက္ကဆီကို သမ္မတ Obradorက ဖုန်းဖြင့်နာရီဝက်ကြာဆွေးနွေးခဲ့ကြောင်း၊ ကုန်သွယ်ရေး ပြဿနာကို အသေးစိတ်ဆွေးနွေးခဲ့ပြီး နှစ်ဖက်သဘောတူညီမှုများရရှိခဲ့ကြောင်း အိမ်ဖြူတော် ပြောရေးဆိုခွင့်ရှိသူ Sanders က ဇူလိုင်လ ၂ ရက်နေ့ ညနေပိုင်း တွင် ကျင်းပသည့် သတင်းစာ ရှင်းလင်းပွဲ၌ ပြောကြားခဲ့သည်။ “ယခုဆွေးနွေးမှုက အပြုသဘောဆောင်တဲ့ ဆွေးနွေးမှုဖြစ်တယ်”ဟု Sanders က ဆိုသည်။

ထရန့်ကလည်း ၎င်းနှင့်Obrador၏ဆွေးနွေးမှုတွင် နယ်စပ်လုံခြုံရေး၊ မြောက်အမေရိက လွတ်လပ်စွာ ကုန်သွယ်ရေးဒေသဆိုင်ရာကိစ္စရပ်များကို ဆွေးနွေးခဲ့ကြောင်း၊ အမေရိကန်-မက္ကဆီကို နှစ်နိုင်ငံဆက်ဆံရေးက တိုးတက်ကောင်းမွန်လာလိမ့်မည်ဟု ယုံကြည်ကြောင်း ပြောကြားခဲ့သည်။

ထရန့်နှင့် ဘက်စုံသဘောတူညီချက်တစ်ခုကို အကောင်အထည်ဖော်ရန် ဆွေးနွေးထားကြောင်း ၊ အကောင်အထည်ဖော်ပြီးပါက မက္ကဆီကို၏အလုပ်အကိုင်အခွင့်အလမ်းများ တိုးပွားလာမည်ဖြစ်ပြီး ရွှေ့ပြောင်းသွားလာသူများ လျော့နည်းသွားကာ လုံခြုံရေးတိုးမြင့်လာမည်ဖြစ်ကြောင်း ထရန့်နှင့် ဆွေးနွေးပြီးနောက် Obradorက ၎င်း၏ တွစ်တာလူမှုကွန်ရက်တွင် ဖော်ပြထားကြောင်း အမေရိကန် မီဒီယာများမှ သိရသည်။

Obradorသည် National Regeneration Movement ပါတီ၏ သမ္မတလောင်းအဖြစ် ရွေးချယ်ခံထား ရသူဖြစ်ပြီး ဇူလိုင် ၁ ရက်တွင် ကျင်းပသည့် မက္ကဆီကို သမ္မတ ရွေးကောက်ပွဲတွင် သမ္မတအဖြစ် အနိုင်ရသွားသူဖြစ်သည်။ Obradorက အမေရိကန်နှင့် အပြန်အလှန်လေးစားမှုထားရှိသွားလိုပြီး အမေရိကန်ရှိ မက္ကဆီကို ရွှေ့ပြောင်းနေထိုင်သူများ၏ အကျိုးကို ကာကွယ်သွားလိုကြောင်း ရွေးကောက်ပွဲပြီးနောက် ရုပ်မြင်သံကြားမှတစ်ဆင့် ပြောကြားခဲ့သည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.