Connect with us

North America

အမေရိကန်ရဲတပ်ဖွဲ့က ထရမ့်ဦးခေါင်းပုံတူ စိတ်ကြွရူးသွပ်ဆေးပြားများ ဖမ်းဆီးသိမ်းဆည်း

ထရမ့်ဦးခေါင်းပုံတူ စိတ်ကြွရူးသွပ်ဆေးပြားများ အားတွေ့ရစဉ် (ဓါတ်ပုံ-အင်တာနက်)

ချီကာဂို၊ ဇူလိုင် ၃ ရက် (ဆင်ဟွာ)

အမေရိကန်နိုင်ငံ အင်ဒီယာနာပြည်နယ် ရဲတပ်ဖွဲ့သည် မူးယစ်ဆေးဝါးတိုက်ဖျက်မှုစစ်ဆင်ရေးတစ်ခု အတွင်း ထရမ့်ဦးခေါင်းပုံတူ ပြုလုပ်ထားသော စိတ်ကြွရူးသွပ်ဆေးပြားများကို သိမ်းဆည်းရမိခဲ့ကြောင်း ပြည်တွင်းသတင်းဌာန က ဇူလိုင် ၂ ရက်တွင်ဖော်ပြခဲ့သည်။

အာဏာပိုင်များသည် ဇွန်လကုန်ပိုင်းတွင် ကင်းလှည့်စစ်ဆေးမှုများ၌ ယင်း စိတ်ကြွရူးသွပ်ဆေးပြားများကို တွေ့ရှိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ ယင်းဆေးပြားများ၏ မျက်နှာပြင်တစ်ဖက်အား အမေရိကန်နိုင်ငံ သမ္မတ ဒေါ်နယ်ထရမ့်၏ ဦးခေါင်းပုံစံတူ ပြုလုပ်ထားပြီး အခြားတစ်ဖက်တွင် ထရမ့်၏ ကြွေးကြော်သံဖြစ်သော “Make America Great Again” မှ “GREAT AGAIN” ကို ပုံနှိပ်ရေးသားထားကြောင်း သိရသည်။

Evansville Courier & Press ၏ဖော်ပြချက်အရ ဌာနအသီးသီးမှ တာဝန်ရှိသူများသည် လွန်ခဲ့သော နှစ်ပါတ်အတွင်း ပြုလုပ်ခဲ့သည့် စစ်ဆင်ရေးများ၌ မူးယစ်ဆေးဝါးနှင့် ပတ်သက်နေသော အမှုပေါင်း ၂၇၂မှုတွင် လူ ၁၂၉ဦးကို ဖမ်းဆီးနိုင်ခဲ့ကြောင်း သိရသည်။

အာဏာပိုင်များက စိတ်ကြွရူးသွပ်ဆေးပြားများအပြင် ကိုကင်း၊ ဘိန်း၊ ဆေးခြောက် နှင့် အခြား တရားမဝင်ဆေးဝါးများကိုပါ သိမ်းဆည်းခဲ့ကြောင်း ပြောကြားခဲ့သည်။

၂၀၁၇ခုနှစ်တွင်လည်း ဂျာမနီနိုင်ငံ အနောက်မြောက်ပိုင်း Osnabruck မြို့တွင် သမ္မတ ထရမ့်ပုံစံတူ မူးယစ်ဆေးပြား အပြား ၅,၀၀၀ ကို ဂျာမနီရဲတပ်ဖွဲ့က သိမ်းဆည်းခဲ့ကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.