Connect with us

North America

ဒေါ်နယ်ထရမ့် က ကုလသမဂ္ဂ အနေဖြင့် မြောက်ကိုရီးယား နိုင်ငံ အား ပိတ်ဆို့အရေးယူမှု အသစ် ဆောင်ရွက်ရန် အတွက် သေချာပေါက် ပြင်ဆင်ထားရမည် ဖြစ်ကြောင်းပြော

အမေရိကန် နိုင်ငံ သမ္မတ ဒေါ်နယ်ထရမ့် အား မြင်တွေ့ရစဉ်(ဆင်ဟွာ)

ဝါရှင်တန် ၊ ဧပြီ ၂၅ ရက် (ဆင်ဟွာ)

အမေရိကန် နိုင်ငံ သမ္မတ ဒေါ်နယ်ထရမ့် က ကုလသမဂ္ဂ လုံခြုံရေး ကောင်စီ အနေဖြင့် မြောက်ကိုရီးယား နိုင်ငံ အား ပိတ်ဆို့အရေးယူမှု အသစ် ထပ်မံဆောင်ရွက်ရန် အတွက် ပြင်ဆင်မှုများကို သေချာပေါက် ပြုလုပ်ထားရမည် ဖြစ်ကြောင်း ဧပြီလ ၂၄ ရက်နေ့ ပြောကြား ခဲ့သည်။

ဒေါ်နယ်ထရမ့် က အိမ်ဖြူတော် တွင် ကုလသမဂ္ဂ လုံခြုံရေးကောင်စီ ဆိုင်ရာ အမြဲတမ်း သံအမတ်ကြီး နှင့် တွေ့ဆုံရာတွင် ကိုရီးယားကျွန်းဆွယ် ၏ လက်ရှိဖြစ်တည်နေသော အခြေအနေကို လက်မခံနိုင်ကြောင်း ၊ ကုလသမဂ္ဂ လုံခြုံရေး ကောင်စီ အနေဖြင့် မြောက်ကိုရီးယား နိုင်ငံ၏ နျူကလီးယား စီမံကိန်း နှင့် တာဝေးပစ် ဒုံးကျည် စီမံကိန်း များနှင့် ပတ်သက်၍ ပိုမိုအားကောင်း သည့် အရေးယူမှုများ အတွက် ပြင်ဆင်ထားရမည် ဖြစ်ကြောင်း ပြောကြား ခဲ့သည်။

သို့သော် ဒေါ်နယ်ထရမ့် အနေဖြင့် ကုလသမဂ္ဂ လုံခြုံရေး ကောင်စီ က မည့်သည့် အချိန်တွင် မြောက်ကိုရီးယား နိုင်ငံအား ပိတ်ဆို့အရေးယူမှု အသစ်များ ထပ်မံ ဆောင်ရွက်ရမည့် အပေါ်ပြောကြားခဲ့ခြင်း မရှိကြောင်း သိရှိရသည်။ အမေရိကန် နိုင်ငံ မီဒီယာ များက အမည်မဖော်လိုသော အမေရိကန် အရာရှိတစ်ဦး၏ ပြောကြားချက်တွင် အိမ်ဖြူတော်၌ မြောက်ကိုရီးယား နိုင်ငံ ၏ နျူကလီးယား စမ်းသပ်မှု နှင့် ဒုံးကျည် ပစ်လွှတ် စမ်းသပ်မှု တို့နှင့် ပတ်သက်၍ ပိတ်ဆို့အရေးယူမှု အသစ် ဆောင်ရွက်ရန် ဆွေးနွေး ခဲ့ကြောင်း ရေးသား ဖော်ပြခဲ့ကြသည်။

အမေရိကန် နိုင်ငံ အိမ်ဖြူတော် ၏ ဧပြီလ ၂၄ ရက်နေ့ ထုတ်ပြန်ချက်တွင် ဒေါ်နယ်ထရမ့် အနေဖြင့် ဂျာမနီ နိုင်ငံ သမ္မတ နှင့် ဖုန်းဖြင့်ဆက်သွယ်ပြောကြားစဉ် အတွင်း မြောက်ကိုရီးယား နိုင်ငံ နျူကလီးယား အရေး နှင့် ဆီးရီးယား အခြေအနေ တို့နှင့် ပတ်သက်၍ ဆွေးနွေးခဲ့ကြောင်း ထုတ်ပြန် ခဲ့သည်။

ကုလသမဂ္ဂ လုံခြုံရေး ကောင်စီ ၏ ဧပြီ ၂၀ ရက်နေ့ က ထုတ်ပြန်ချက်တွင် မြောက်ကိုရီးယား နိုင်ငံ ၏ လက်တလော ကာလတွင် ဆောင်ရွက်ခဲ့သော ဒုံးကျည် ပစ်လွှတ် စမ်းသပ်မှု နှင့် ပတ်သက်၍ ပြစ်တင်ဝေဖန် ခဲ့ပြီး မြောက်ကိုရီးယား နိုင်ငံ အား နျူကလီးယား စမ်းသပ်မှု ထပ်မံ မပြုလုပ်ရန် တောင်ဆိုကြောင်း ထုတ်ပြန် ခဲ့သည်။

တောင်ကိုရီးယား စစ်ဘက်ဆိုင်ရာ က မြောက်ကိုရီးယား နိုင်ငံ သည် ဧပြီလ ၁၆ ရက်နေ့ နံနက်ပိုင်းတွင် ဒုံးကျည် တစ်စင်း ပစ်လွှတ်ခဲ့ရာတွင် မအောင်မြင်ခဲ့ကြောင်း ပြောကြားသည်။အမေရိကန် နိုင်ငံ ပစိဖိတ် စစ်ဌာနချုပ် မှလည်း မြောက်ကိုရီးယား နိုင်ငံ ၏ နောက်ဆုံးအကြိမ် ဒုံးကျည် စမ်းသပ် ပစ်လွှတ်မှုမှာ မအောင်မြင်ကြောင်း ကို ထုတ်ပြန် ခဲ့သည်။

မြောက်ကိုရီးယား နိုင်ငံ သည် ၂၀၁၆ ခုနှစ် ဇန်နဝါရီလ ၆ ရက် နှင့် စက်တင်ဘာ ၉ ရက်တို့တွင် နျူကလီးယား စမ်းသပ်မှုများပြုလုပ်ခဲ့ပြီး ဒုံးကျည် စမ်းသပ် ပစ်လွှတ်မှု ကို အကြိမ်ကြိမ် ပြုလုပ် ခဲ့သည်။ ကုလသမဂ္ဂ လုံခြုံရေးကောင်စီ မှလည်း ၂၀၁၆ ခုနှစ် မတ်လ ၂ ရက် နှင့် နိုဝင်ဘာ ၃၀ ရက်တို့တွင် မြောက်ကိုရီးယား နိုင်ငံ ၏ နျူကလီးယား စမ်းသပ်မှု နှင့်ပတ်သက်၍ ဝေဖန်ပြစ်တင်ခဲ့ပြီး မြောက်ကိုရီးယား နိုင်ငံ အား နျူကလီးယား လက်နက် နှင့် တာဝေးပစ် ဒုံးကျည် အစီအစဉ် ကို စွန့်လွှတ် ရန်တောင်းဆိုခဲ့ပြီး အရေးယူ ပိတ်ဆို့မှုများ ပြုလုပ်ရန် ဆုံးဖြတ်ခဲ့ကြောင်း သိရသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.