Connect with us

North America

အမေရိကန် နိုင်ငံ က ဓာတုလက်နက် ပြဿနာ နှင့် ပတ်သက် သည့် ဆီးရီးယား အစိုးရ သိပ္ပံ နှင့် သုတေသန အဖွဲ့ဝင် ၂၇၁ ဦးကို ပိတ်ဆို့အရေးယူမှု ဆောင်ရွက်

အမေရိကန် နိုင်ငံ မှ ဆီးရီးယား နိုင်ငံ သို့ BGM-109 အမျိုးအစား တာဝေးပစ် ဒုံးကျည် ဖြင့် ပစ်ခတ် ခဲ့သည့် ကို မြင်တွေ့ရစဉ်(ဆင်ဟွာ)

ဝါရှင်တန် ၊ ဧပြီ ၂၅ ရက် (ဆင်ဟွာ)

အမေရိကန် ဘဏ္ဍာရေး ဝန်ကြီးဌာန မှ ဧပြီလ ၂၄ ရက်နေ့ က ထုတ်ပြန်ခဲ့သည့် ကြေညာချက်တွင် ဆီးရီးယား နိုင်ငံ အစိုးရ ၏ ဓာတုလက်နက် ထုတ်လုပ်ရေး စီမံကိန်း နှင့် ပတ်သက်သည့် အစိုးရ အဖွဲ့ဝင် ၂၇၁ ဦးကို ပိတ်ဆို့အရေးယူမှု ဆောင်ရွက်ကြောင်း ကြေညာချက် ထုတ်ပြန်ခဲ့သည်။

ထုတ်ပြန်ချက်တွင် ယင်းအရေးယူခံရသည့် ဆီးရီးယား အစိုးရ အဖွဲ့အစည်း လက်အောက်ရှိ ဆီးရီးယား သိပ္ပံ နှင့် သုတေသန စင်တာ မှ အဖွဲ့ဝင် ၂၇၁ ဦးသည် ဆီးရီးယား အစိုးရ အတွက် ဓာတုလက်နက် များ ထုတ်လုပ်ရန် ဆောင်ရွက်ပေးခဲ့ကြောင်း ၊ ယခု အရေးယူခဲ့သော သူများအတွင်းမှ အချို့သော သူများသည် ဆီးရီးယား အစိုးရ ၏ ဓာတုလက်နက် စီမံကိန်း အတွက် လုပ်ကိုင်ဆောင်ရွက်ပေးနေသည်မှာ အချိန် ၅ နှစ်ကျော် ရှိခဲ့ပြီး ဖြစ်ကြောင်း ပါဝင်ခဲ့သည်။

ထို့ပြင် ထုတ်ပြန်ချက်တွင် အမေရိကန် နိုင်ငံ အနေဖြင့် ယင်း အရေးယူ ခံရသူများနှင့် ပတ်သက်သည့် အမေရိကန် နိုင်ငံ အတွင်းရှိ ပိုင်ဆိုင်မှု အားလုံးကို ထိန်းချုပ်သွားမည် ဖြစ်ပြီး အမေရိကန် နိုင်ငံ မှ လုပ်ငန်း ကုမ္ပဏီ များနှင့် ပြည်သူလူထု တို့အား ယင်းအရေးယူ ခံရသူများနှင့် ဆက်သွယ်မှု မပြုလုပ်ရန် ကိုလည်း ပါဝင် ခဲ့သည်။

ယခု နှစ် ဧပြီလ ၄ ရက်နေ့တွင် ဆီးရီးယား နိုင်ငံ Idlib ပြည်နယ်တောင်ပိုင်း မြို့တစ်မြို့တွင် ဓာတုလက်နက် တိုက်ခိုက်မှု တစ်ရပ် ဖြစ်ပွားခဲ့သည်။ ဧပြီလ ၇ ရက်နေ့ နံနက်ပိုင်း အချိန်တွင် မြေထဲပင်လယ် အရှေ့ပိုင်းတွင် ရှိနေသည့် အမေရိကန် စစ်သင်္ဘော နှစ်စင်းသည် ဆီးရီးယား နိုင်ငံ Shayrat လေတပ်စခန်းသို့ BGM-109 အမျိုးအစား တာဝေးပစ် ဒုံးကျည် ၅၉ စင်းဖြင့် ပစ်ခတ်ခဲ့သည်။ အမေရိကန် နိုင်ငံ က ဆီးရီးယား အစိုးရ တပ်ဖွဲ့သည် ယခင်က ထိုလေတပ်စခန်းမှ ဓာတုလက်နက် တိုက်ခိုက်မှု တစ်ရပ်ဆောင်ရွက်ခဲ့ခြင်းကြောင့် ထိုလေတပ် စခန်းတွင် ကျန်ရှိနေနိုင်သော ဓာတုလက်နက် များကို ဖျက်ဆီးလိုသောကြောင့် တိုက်ခိုက်ခဲ့ခြင်း ဖြစ်ကြောင်း ပြောကြား ခဲ့သည်။သို့သော် ဆီးရီးယား နိုင်ငံ မှ အသီးသီး သော စွပ်စွဲမှု များကို ငြင်းဆန် ခဲ့ပြီး ဆီးရီးယား အစိုးရ တပ်ဖွဲ့တွင် ဓာတုလက်နက် မရှိကြောင်း ပြောကြား ခဲ့သည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.