Connect with us

North America

ဒေါ်နယ်ထရမ့် က အမေရိကန် စစ်သင်္ဘော က အီရန် မောင်းသူမဲ့ လေယာဉ် အား ပစ်ချခဲ့ကြောင်း ပြောကြား

အမေရိကန် နိုင်ငံ သမ္မတ ဒေါ်နယ်ထရမ့် အား မြင်တွေ့ရစဉ်(ဆင်ဟွာ)

ဝါရှင်တန် ၊ ဇူလိုင် ၁၉ ရက် (ဆင်ဟွာ)

အမေရိကန် နိုင်ငံ သမ္မတ ဒေါ်နယ်ထရမ့် က ဇူလိုင် ၁၈ ရက် ၌ အမေရိကန် စစ်သင်္ဘော တစ်စီး က Hormuz ပင်လယ်ကွေ့ တွင် အီရန် မောင်းသူမဲ့ လေယာဉ် အား ပစ်ချနိုင်ခဲ့ကြောင်း ပြောကြား ခဲ့သည်။

ဒေါ်နယ်ထရမ့် က ဇူလိုင် ၁၈ ရက် ၌ အိမ်ဖြူတော် တွင် အီရန် မောင်းသူမဲ့ လေယာဉ် က အမေရိကန် USS Boxer စစ်သင်္ဘော အနီး သို့ ချဉ်းကပ် လာပြီး သတိပေးခြင်း အား အကြောင်းမပြန်သောကြောင့် မောင်းသူမဲ့ လေယာဉ် အား ပစ်ချခဲ့ခြင်း ဖြစ်ကြောင်း ၊ အမေရိကန် စစ်သင်္ဘော ၏ ဆောင်ရွက်မှု က ကာကွယ်ရေး ဆောင်ရွက်ချက် သာ ဖြစ်ကြောင်း ၊ အီရန် နိုင်ငံ ၏ ဆောင်ရွက်မှု က နိုင်ငံတကာ ရေပိုင်နက် တွင် သွားလာနေသော သင်္ဘော အား ထပ်မံ ဆိုးရွားစွာ ရန်စမှု တစ်ခု ဖြစ်ကြောင်း ပြောကြား ခဲ့သည်။

အမေရိကန် ကာကွယ်ရေး ဝန်ကြီးဌာန ၏ ထုတ်ပြန်ကြေညာချက် အရ အထက်ဖော်ပြပါ ကိစ္စရပ် က ဇူလိုင် ၁၈ ရက် နံနက်ပိုင်း အချိန်တွင် ဖြစ်ပွား ခဲ့ခြင်း ဖြစ်ကြောင်း ၊ အချင်းဖြစ်ပွားစဉ် အမေရိကန် USS Boxer စစ် သင်္ဘော က Hormuz ပင်လယ်ကွေ့ အား ဖြတ်သန်းနေခြင်း ဖြစ်ပြီး နိုင်ငံတကာ ရေပိုင်နက်တွင် ရှိကြောင်း သိရှိရသည်။

အမေရိကန် နိုင်ငံ နယူးယောက် မြို့ တွင် ကျင်းပ ပြုလုပ်နေသည့် ကုလသမဂ္ဂ အစည်းအဝေး အား တက်ရောက်နေသည့် အီရန် နိုင်ငံခြားရေး ဝန်ကြီး က ဇူလိုင် ၁၈ ရက် ညနေပိုင်း အချိန်တွင် သတင်း မီဒီယာ များအား မိမိ အနေဖြင့် အီရန် နိုင်ငံ မှ မောင်းသူမဲ့ လေယာဉ် တစ်စင်း ဆုံးရှုံးခဲ့သည့် သတင်း မရရှိကြောင်း ပြောကြား ခဲ့သည်။

လတ်တလောလများ တွင် အမေရိကန် နိုင်ငံ နှင့် အီရန် နိုင်ငံ အကြား ဆက်ဆံရေး က အဖြည်းဖြည်း ပိုမို တင်းမာ လာခဲ့ပြီး အမေရိကန် နိုင်ငံ က အရှေ့အလယ်ပိုင်း ဒေသ သို့ စစ်အင်အား နှစ်ဆ ထပ်မံ တိုးမြှင့် စေလွှတ် ခဲ့သည်။ အီရန် နိုင်ငံ က ဇွန် လ ၁၉ ရက် တွင် အမေရိကန် နိုင်ငံ ၏ မောင်းသူမဲ့ လေယာဉ် အား ပစ်ချလိုက်ကြောင်း ထုတ်ပြန်ကြေညာ ခဲ့ပြီး အမေရိကန် နိုင်ငံ တုံ့ပြန်ဆောင်ရွက်မှု အနေဖြင့် အီရန် နိုင်ငံ အတွင်း ရှိ ပစ်မှတ် သုံးခု အား ဗုံးကြဲတိုက်ခိုက်ရန် ပြင်ဆင်ခဲ့သော်လည်း စစ်ဆင်ရေး မစတင်ခင် ဒေါ်နယ်ထရမ့် က ရပ်ဆိုင်းစေခဲ့သည်။

အမေရိကန် နိုင်ငံ က ယခင် နှစ် မေလ တွင် အီရန် နျူကလီးယား အရေး သဘောတူညီချက် မှ နုတ်ထွက်ကြောင်း တစ်ဖက်သတ် ကြေညာ ခဲ့ပြီး အီရန် နိုင်ငံ အပေါ် အရေးယူ ပိတ်ဆို့မှုများ တဖြည်းဖြည်း တိုးမြှင့်ဆောင်ရွက်ခဲ့သည်။ အီရန် နိုင်ငံ က တုံ့ပြန်ဆောင်ရွက်မှု အနေဖြင့် ယခု နှစ် မေလ ၈ ရက် တွင် အီရန် နျူကလီးယား အရေး သဘောတူညီချက် တွင် ပါရှိသည့် အချက် အချို့ အား လိုက်နာရန် ရပ်ဆိုင်းကြောင်း ထုတ်ပြန်ကြေညာ ခဲ့သည်။(Xinhua)