Connect with us

North America

နယူးဇီလန်နိုင်ငံတွင် ကမ္ဘာလှည့်ခရီးသည်တင် ဘတ်စ်ကား ယာဉ်တိုက်မှုနှင့်စပ်လျဉ်း၍ ဂရုတစိုက်မောင်းနှင်ခြင်းမရှိသော ယာဉ်မောင်းအားတရားစွဲဆို

မော်တော်ယာဉ်တိမ်းမှောက်မှုတစ်ခုအားတွေ့ရစဉ် (ဓာတ်ပုံ--အင်တာနက်)

ဝါရှင်တန်၊ စက်တင်ဘာ ၂၀ ရက် (ဆင်ဟွာ)

အော့ကလန်မြို့ တရားရုံးတွင် အသက် ၃၈ အရွယ်ရှိ ယာဉ်မောင်းအား မော်တော်ယာဉ်အား ပေါ့ဆစွာ မောင်းနှင်မှုဖြင့် တရားစွဲဆို ခဲ့ကြောင်းသိရသည်။

ထိုကမ္ဘာလှည့်ခရီးသည်တင်ဘတ်စ်ကားသည် Rotorua မြို့မြောက်ပိုင်း အမှတ် ၅ အဝေးပြေးလမ်းမကြီး တွင် စက်တင်ဘာလ ၄ ရက်တွင် ယာဉ်မတော်တဆမှုဖြစ်ပွားခဲ့ပြီး ကလေးငယ်တစ်ဦး နှင့် အရွယ်ရောက်ပြီးသူ ၄ ဦး စုစုပေါင်း ၅ ဦးသေဆုံးခဲ့ကြောင်း သိရသည်။

Rotorua မြို့ဘက်သို့ ဦးတည်မောင်းနှင်လာသော အဆိုပါကမ္ဘာလှည့်ခရီးသည်တင်ကားသည် အကွေ့တွင် တိမ်းမှောက်ခဲ့ခြင်းဖြစ်ကြောင်း ရဲတပ်ဖွဲ့ကဆိုသည်။

ရဲဘက်မှ ပြောရေးဆိုခွင့်ရှိသူက “အသေးစိတ်စုံစမ်းမှုတွေ ပြုလုပ်နေဆဲဖြစ်ပြီးနောက်ထပ်စွပ်စွဲချက်တွေတော့ မပြုလုပ်ရသေးပါဘူး’’ ဟုပြောသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.