North America
မက္ကစီကိုသမ္မတ အမေရိကန်နိုင်ငံသို့ ချစ်ကြည်ရေး ခရီးစဉ် လာရောက်

မက္ကစီကို စီးတီး၊ ဇူလိုင် ၂၂ ရက် (ဆင်ဟွာ)
မက္ကစီကို သမ္မတ Enrique Pena Nieto သည် အမေရိကန်သမ္မတ ဘားရတ် အိုဘားမား နှင့် ကဏ္ဍအသီးသီးမှ အရေးကိစ္စများနှင့်ပတ်သက်၍ တွေ့ဆုံဆွေးနွေးရန် ဇူလိုင်လ ၂၁ ရက်က လာရောက်ခဲ့ကြောင်း တာဝန်ရှိသူများ က ပြောကြားခဲ့သည်။
နှစ်နိုင်ငံ ခေါင်းဆောင်များ၏ တွေ့ဆုံပွဲသည် အမေရိကန်နိုင်ငံ၏ အုပ်ချုပ်ရေးပိုင်းတွင် ပြောင်းလဲမှုများ ဖြစ်ပေါ်လာမည့် အချိန်မတိုင်ခင် နှစ်နိုင်ငံ ဆက်ဆံရေး အစီအစဉ်များကို ပြန်လည် သုံးသပ်ရန် ထူးခြားသည့် အခွင့်အလမ်းကောင်းများကို ကိုယ်စားပြုကြောင်း မက္ကစီကို နိုင်ငံခြားရေးဝန်ကြီး Claudia Ruiz Massieu က သတင်းစာ ရှင်းလင်းပွဲတစ်ခုတွင် ပြောကြားခဲ့သည်။
နိုင်ငံခြားရေးဝန်ကြီးက “ယခု ခရီးစဉ်ကနေ ရရှိလာမယ့် ရလဒ်ဟာ အမေရိကန်နိုင်ငံနဲ့ တွေ့ဆုံ ဆွေးနွေးပွဲများ ပိုမို ကျယ်ပြန့် နက်ရှိုင်းလာစေဖို့ အတွက် အရေးကြီးတဲ့ အဆင့် တစ်ခုကို ကိုယ်စားပြုပါတယ်” ပြောကြား ခဲ့သည်။
သမ္မတရုံး ပြောရေးဆိုခွင့်ရှိသူ Eduardo Sanchez က Pena Nieto နှင့် အိုဘားမား တို့သည် ရာသီဥတု ပြောင်းလဲလာမှု၊ စွမ်းအင်၊ ဒေသတွင်း ပူးပေါင်းဆောင်ရွက်မှု နှင့် နယ်စပ် အရေး ကိစ္စများကို အဓိကထား ဆွေးနွေးသွားမည် ဖြစ်ကြောင်း ပြောကြားခဲ့သည်။ (Xinhua)