Connect with us

North America

ပီရူး ရေခဲတောင် ပြိုကျမှုကြောင့် ပျောက်ဆုံးနေသည့် တောင်တက်သမား ၃ ဦး၏ ရုပ်အလောင်းအား ရှာဖွေတွေ့ရှိ

ပီရူးနိုင်ငံ ရှိ Huascaran ရေခဲတောင် အားမြင်တွေ့ရစဉ် (ဓာတ်ပုံ-အင်တာနက်)

လီမာ၊ ဇူလိုင် ၂၂ ရက် (ဆင်ဟွာ)

ပီရူးနိုင်ငံ အနောက်မြောက်ပိုင်းဒေသ Ancash ရှိ Huascaran ရေခဲတောင် ၌ ဇူလိုင်လ ၁၉ ရက် ကတည်းက ပျောက်ဆုံးနေသည့် တောင်တက်သမား သုံးဦး၏ ရုပ်အလောင်းများကို ဇူလိုင်လ ၂၁ ရက်တွင် ပြန်လည် တွေ့ရှိခဲ့ ကြောင်း တာဝန်ရှိသူများက ပြောကြားခဲ့သည်။

သေဆုံးသူ တောင်တက်သမားများမှာ မက္ကဆီကို နိုင်ငံသား နှစ်ဦးနှင့် ပီရူးနိုင်ငံသား တစ်ဦးတို့ ဖြစ်ကြပြီး အသေးစိတ် အချက်အလက်ကိုမူ ထုတ်ပြန်ခြင်း မရှိသေးကြောင်း သိရသည်။
အဆိုပါ တောင်တက်အဖွဲ့တွင် ပီရူးနိုင်ငံသား၊ မက္ကဆီကို နိုင်ငံသားနှင့် စပိန်နိုင်ငံသားများ ပါဝင်ပြီး Huascaran ရေခဲတောင်ရှိ တောင်ထိပ်အမှတ် နှစ်ခု အနက် တစ်ခု သို့ တက်ရောက်နိုင်ရန် ကြိုးစားနေကြခြင်း ဖြစ်သည်။ Huascaran ရေခဲတောင်၏ အမြင့်ဆုံး တောင်ထိပ်အမှတ်မှာ ပင်လယ်ရေမျက်နှာပြင် အထက် ၆,၇၆၈ မီတာ အမြင့်တွင် ရှိကြောင်း သိရသည်။
တောင်တက်သမားများသည် ရုတ်တရက် ရေခဲများ ပြိုကျလာမှုကြောင့် တောင်ထိပ်အမှတ် နှစ်ခု ကြားရှိ La Garganta ဟု ခေါ်သည့် အက်ကွဲကြောင်း ကြီးထဲသို့ ရေခဲများနှင့်အတူ ပါသွားခြင်း ဖြစ်ကြောင်း သိရသည်။
ရေခဲတောင်ပြိုကျမှုအတွင်း မက္ကစီကို နိုင်ငံသားတစ်ဦးအား ထိခိုက်မှု မရှိဘဲ အသက်ရှင်လျက် ကယ်ဆယ်နိုင်ခဲ့ပြီး စပိန်နိုင်ငံသား နှစ်ဦးနှင့် ပီရူးနိုင်ငံသား နှစ်ဦးမှာ ဆေးရုံတင်ထားရကာ အခြား ပီရူးနိုင်ငံသား တစ်ဦးလည်း ပျောက်ဆုံးနေဆဲ ဖြစ်ကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.