Connect with us

North America

မက္ကဆီကိုနိုင်ငံတွင် ယာဉ်မတော်တဆမှုကြောင့် လူ ၈ ဦး သေဆုံး

မက္ကဆီကိုတွင် ယာဉ်တိုက်မှုဖြစ်ပွားခဲ့သည့် နေရာတစ်ခုအား တွေ့ရစဉ်(ဆင်ဟွာ)

မက္ကဆီကိုစီးတီး၊ အောက်တိုဘာ ၁၆ ရက်(ဆင်ဟွာ)

မက္ကဆီကိုနိုင်ငံ အရှေ့ပိုင်း Veracruz ပြည်နယ်တွင် အောက်တိုဘာ ၁၅ ရက်က ယာဉ်မတော်တဆမှု တစ်ခုဖြစ်ပွားခဲ့ရာ လူ ၈ ဦး သေဆုံးပြီး ၉ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

ခရီးသည်တင်ယာဉ်တစ်စီး Cosoleacaqueမြို့အနီးတွင်မောင်းနှင်နေစဉ် တစ်ဖက်ယာဉ်ကြောသို့ ကျော်လွန်မောင်းနှင်မိရာမှ ကုန်တင်ယာဉ်ငယ်တစ်စီးနှင့် မျက်နှာချင်းဆိုင်တိုက်မိခြင်းဖြစ်ကြောင်း ၊ ထို့နောက် အနောက်မှလိုက်ပါမောင်းနှင်သောယာဉ် ၃ စီးသည် အချင်းဖြစ်ပွားသောယာဉ်ကို ဆင့်တိုက်မှု ဖြစ်ပွားရာ သေဆုံးဒဏ်ရာရမှုများ ဖြစ်ပွားခဲ့ကြောင်း ဒေသခံမီဒီယာများအရ သိရသည်။ အချင်းဖြစ်ပွားရာနေရာ၏ ယာဉ်ကြောလမ်းအမှတ်အသားမှာ ရှင်းလင်းမှုမရှိကြောင်း မီဒီယာများ၏ တိုက်ရိုက်ထုတ်လွှင့်မှုများမှတစ်ဆင့် တွေ့ရသည်။

ယာဉ်တိုက်မှုကြောင့် လူ ၇ ဦး အချင်းဖြစ်နေရာတွင်ပင် ပွဲချင်းပြီးသေဆုံးခဲ့ရာ ကျန် ၁ ဦးမှာ ဆေးရုံသို့ ပို့ဆောင်ရာတွင် သေဆုံးခဲ့ကြောင်း ၊ ဒဏ်ရာရသူ ၉ ဦးအား နီးစပ်ရာဆေးရုံသို့ ပို့ဆောင်ကုသ ထားကြောင်း ၊ ယာဉ်တိုက်မှုကြောင့် အနီးရှိ ယာဉ်ကြောလမ်းများကို နာရီနှင့်ချီပိတ်ထားရကြောင်း Cosoleacaqueမြို့ မြို့ပြကာကွယ်ရေးဌာနက ဆင်ဟွာကို အတည်ပြုပြောကြားခဲ့သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.