Connect with us

North America

မြောက်ကိုရီးယား၏ နျူကလီးယားဖျက်သိမ်းရေး အဓိကလုပ်ငန်းစဉ်များကို ၂နှစ်ခွဲအတွင်း လုပ်ဆောင်သွားနိုင်ဖို့မျှော်လင့်ကြောင်း အမေရိကန်နိုင်ငံခြားရေးဝန်ကြီးက ဆို

အမေရိကန်နိုင်ငံခြားရေးဝန်ကြီး Mike Pompeo အား သတင်းစာရှင်းလင်းပွဲ၌ တွေ့ရစဉ်(ဓာတ်ပုံ- ဆင်ဟွာ )

ဝါရှင်တန် ၊ ဇွန် ၁၄ ရက်(ဆင်ဟွာ)

မြောက်ကိုရီးယား၏ နျူကလီးယားဖျက်သိမ်းရေး အဓိကလုပ်ငန်းစဉ်များကို လာမည့် ၂နှစ်ခွဲအတွင်း လုပ်ဆောင်သွားနိုင်ဖို့မျှော်လင့်ကြောင်း အမေရိကန်နိုင်ငံခြားရေးဝန်ကြီး Mike Pompeoက ဇွန်လ ၁၃ ရက်တွင် ပြောကြားခဲ့သည်။

အမေရိကန်အနေဖြင့် မြောက်ကိုရီးယားက နျူကလီးယားဖျက်သိမ်းရေး အဓိကလုပ်ငန်းစဉ် များကို ထရန့်၏ ပထမ သမ္မတ သက်တမ်းမကုန်ဆုံးမီဖြစ်သည့် ၂၀၂၁ ခုနှစ် ဇန်နဝါရီလ မတိုင်မီ လုပ်ဆောင် သွားနိုင်ရန် မျှော်လင့်သည်ဟု အမေရိကန်နိုင်ငံခြားရေးဝန်ကြီး Mike Pompeo က တောင်ကိုရီးယား မြို့တော်ဆိုးလ်သို့ သွားရောက်လည်ပတ်စဉ် မီဒီယာများကို ပြောကြားခဲ့ကြောင်း အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာန၏ သတင်းများအရသိရသည်။

ထို့အပြင် Mike Pompeo က ဆွေးနွေးညှိနှိုင်းမှု အောင်မြင်ထိရောက်မည်၊ အပြုသဘောဆောင်မည် ဆိုလျှင် အမေရိကန်-တောင်ကိုရီးယား စစ်ရေးလေ့ကျင့်မှုကို ခေတ္တရပ်နားထားမည်ဖြစ်ကြောင်း ၊ထိုကိစ္စနှင့်စပ်လျဉ်း၍ ထရန့်က မြောက်ကိုရီးယား ခေါင်းဆောင် ကင်ဂျုံအန်းနှင့်တွေ့ဆုံ ဆွေးနွေးစဉ် တွင်လည်းကောင်း၊ တွေ့ဆုံပွဲပြီးနောက် ကျင်းပသည့် သတင်းစာရှင်းလင်းပွဲတွင်လည်းကောင်း ပြောကြားခဲ့ကြောင်း ဆိုသည်။

အမေရိကန်-မြောက်ကိုရီးယား၏ယခင်ဆွေးနွေးညှိနှိုင်းမှုများတွင်ရရှိသည့် အောင်မြင်မှုနှင့် သဘောတူညီမှုများအားလုံးကို ယခုကြေညာချက်ထဲ ထည့်သွင်းဖော်ပြထားခြင်း မရှိသေးကြောင်း၊ အနာဂတ်တွင်လုပ်ဆောင်ရမည့်အလုပ်အများကြီးရှိသေးကြောင်း Mike Pompeo က ပြောကြားခဲ့သည်။

ဇွန်လ ၁၃ ရက်တွင် Mike Pompeo တောင်ကိုရီးယားရောက်ရှိရာတွင် ထရန့်နှင့်ကင်ဂျုံအန်းတို့၏ တွေ့ဆုံဆွေးနွေးမှုအခြေအနေကို တောင်ကိုရီးယား၊ဂျပန် နှစ်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးများသို့ ပြေကြားသွားခဲ့ကြောင်း သိရသည်။

ထရန့်က ဇွန်လ ၁၂ ရက်တွင် စင်္ကာပူ၌ ကင်ဂျုံအန်းနှင့် တွေ့ဆုံဆွေးနွေးခဲ့ပြီး ပူးတွဲကြေညာချက် သဘောတူလက်မှတ်ရေးထိုးခဲ့သည်။ အဆိုပါ ကြေညာချက်တွင် မြောက်ကိုရီးယား-အမေရိကန် နှစ်နိုင်ငံသည် ဆက်ဆံရေးပုံစံအသစ်ကို ကြိုးစားတည်ဆောက်သွားမည်ဖြစ်ကြောင်း ၊မြောက်ကိုရီးယားကျွန်းဆွယ် ရေရှည်တည်ငြိမ်သည့်ငြိမ်းချမ်းရေးစနစ် တည်ဆောက်သွားမည် ဖြစ်ကြောင်း ဖော်ပြခဲ့သည်။ အမေရိကန်အနေဖြင့် မြောက်ကိုရီးယားကို လုံခြုံရေးအာမခံချက်ပေးမည် ဟု ကတိပြုခဲ့သလို မြောက်ကိုရီးယားအနေဖြင့် မြောက်ကိုရီးယားကျွန်းဆွယ် နျူကလီးယား လုံး၀ ကင်းစင်ရေးကတိကို ထပ်မံအတည်ပြုခဲ့သည်။ ဆွေးနွေးပွဲအောင်မြင်မှုရလဒ်များကို လက်တွေ့ အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရန် မြောက်ကိုရီးယား-အမေရိကန် နှစ်နိုင်ငံ အစိုးရအဆင့်မြင့် ကိုယ်စားလှယ်ဆွေးနွေးမှုများ ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.