Connect with us

North America

အမေဇုန် စီအီးအို ကမ္ဘာ့အချမ်းသာဆုံး ပုဂ္ဂိုလ်ဖြစ်လာ

အမေဇုန် (Amazon) ကုမ္ပဏီအား တည်တောင်သူ နှင့် စီအီးအို ဖြစ်သူ Jeff Bezos အားတွေ့ရစဉ် (ဓါတ်ပုံ-အင်တာနက်)

ဆန်ဖရန်စစ္စကို၊ ဇွန် ၁၉ ရက် (ဆင်ဟွာ)

အမေဇုန် (Amazon) ကုမ္ပဏီအား တည်တောင်သူ နှင့် စီအီးအို ဖြစ်သူ Jeff Bezos သည် အသားတင်ပိုင်ဆိုင်မှု အမေရိကန်ဒေါ်လာ ၁၄၁.၉ ဘီလီယံ ဖြင့် ကမ္ဘာ့အချမ်းသာဆုံး ပုဂ္ဂိုလ်ဖြစ်လာကြောင်း ဖို့တ်ကမ္ဘာ့ဘီလီယံနာများစာရင်း (Forbes World’s Billionaires list) တွင် ဇွန် ၁၈ ရက် က ဖော်ပြခဲ့သည်။

Bezos ၏ ပိုင်ဆိုင်မှုသည် ဇွန်လ ၁ရက်မှစ၍ အမေရိကန်ဒေါ်လာ ၅ဘီလီယံကျော် တိုးတက်လာပြီး မိုက်ခရိုဆော့ဖ်ကော်ပိုရေးရှင်းအား ပထမဆုံးတည်ထောင်သူ ဘီလ်ဂိတ် (Bill Gates) သည် ပိုင်ဆိုင်မှု အမေရိကန်ဒေါ်လာ ၉၂.၉ဘီလီယံ ဖြင့် ကမ္ဘာ့ပေါ်တွင် ဒုတိယအချမ်းသာဆုံး ပုဂ္ဂိုလ်အဖြစ် ရပ်တည်နေကြောင်း သိရသည်။

ကမ္ဘာပေါ်တွင် အအောင်မြင်ဆုံး ရင်းနှီးမြှုပ်နှံသူများအနက် တစ်ဦးဖြစ်သည့် ဝါရန် ဘတ်ဖက်ဖ် (Warren Buffet) သည် အသားတင်ချမ်းသာကြွယ်ဝမှု အမေရိကန်ဒေါ်လာ ၈၂.၂ဘီလီယံ ရှိသော တတိယ အချမ်းသာဆုံး ပုဂ္ဂိုလ်ဖြစ်ကြောင်း သိရသည်။

၂၀၁၈ခုနှစ် အစောပိုင်းတွင် Bezos သည် တရားဝင် ကမ္ဘာ့အချမ်းသာဆုံး ပုဂ္ဂိုလ်ဖြစ်လာပြီး ၎င်း၏ စီးပွားရေးဖြစ်သည့် အွန်လိုင်းလက်လီရောင်းဝယ်ရေး အမေဇုန် (Amazon) ကုမ္ပဏီ သည် Apple ကုမ္ပဏီ ပြီးလျှင် ဒုတိယ တန်ဖိုးအများဆုံး ကုမ္ပဏီတစ်ခုဖြစ်လာကြောင်း သိရသည်။

Fortune မဂ္ဂဇင်း၏ နောက်ဆုံးစာရင်းများအရ ၂၀၁၈ခုနှစ် အမေရိက၏ အကြီးဆုံးကုမ္ပဏီများစာရင်း တွင် အမေဇုန်ကုမ္ပဏီသည် ဝင်ငွေ အမေရိကန်ဒေါ်လာ ၁၇၇.၈၇ဘီလီယံဖြင့် အဆင့်၈ နေရာတွင် ရပ်တည်နေကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.