Connect with us

North America

အမေရိကန်တွင် တရားမဝင်ရွှေ့ပြောင်းနေထိုင်သူများအား လိုက်လံဖမ်းဆီးရာမှ ယာဉ်မတော်တဆဖြစ်ပွားပြီး ၅ ဦး သေဆုံး

အမေရိကန်တွင် ဖြစ်ပွားသည့် ယာဉ်တိုက်မှုတစ်ခုအား တွေ့ရစဉ်(ဓာတ်ပုံ- ဆင်ဟွာ )

ဟူစတန် ၊ ဇွန် ၁၈ ရက်(ဆင်ဟွာ)

မက္ကဆီကိုနယ်စပ်နှင့် ထိစပ်လျက်ရှိသော အမေရိကန်နိုင်ငံ တက္ကဆက်(Texas)ပြည်နယ် တောင်ပိုင်း မြို့တစ်မြို့တွင် ဇွန် ၁၇ ရက်က တရားမဝင် ရွှေ့ပြောင်းနေထိုင်သူများအား တင်ဆောင်လာသည့် ကားတစ်စင်းသည် ဖမ်းဆီးမှုများကို ရှောင်တိမ်းရာမှ ယာဉ်မတော်တဆဖြစ်ပွားခဲ့ရာ လူ ၅ ဦး သေဆုံး ခဲ့ကြောင်း သိရသည်။

ယင်းဖြစ်စဉ်မှာ ဟူစတန်(Houston)မြို့အနောက်တောင်ပိုင်း ၄၈၀ ကီလိုမီတာခန့်အကွာတွင် ဖြစ်ပွား ခဲ့ခြင်းဖြစ်ပြီး အမေရိကန်-မက္ကဆီကို နယ်စပ်မြို့ဖြစ်သည့် Laredoနှင့် ၁၅၀ ကီလိုမီတာခန့်သာ ကွာဝေးကြောင်း သိရသည်။ တရားမဝင်ရွှေ့ပြောင်းနေထိုင်သူ ၁၀ ဦး ကျော် တင်ဆောင်လာသည့် မော်တော်ယာဉ် တစ်စီး သည် လိုက်လံဖမ်းဆီးမှုကို ထွက်ပြေးရှောင်တိမ်းရာမှ ယာဉ်တိုက်မှု ဖြစ်ပွားခဲ့ခြင်းကြောင့် လူ ၄ ဦး ပွဲချင်းပြီးသေဆုံးပြီး ကျန် ၁ ဦးမှာ ဆေးရုံ၌ သေဆုံးခဲ့ခြင်းဖြစ်ကြောင်း ရဲတပ်ဖွဲ့က ယင်းနေ့တွင် ကျင်းပသည့် သတင်းစာရှင်းလင်းပွဲ၌ ပြောကြား ခဲ့သည်။

၎င်းယာဉ်ပေါ်တွင် ယာဉ်မောင်းအပါအဝင် ၁၄ ဦးပါရှိပြီး ၂ ဦးမှာ အမေရိကန်နိုင်ငံသားဖြစ်ကြောင်းနှင့် ယာဉ်မောင်းအား ဖမ်းဆီးထားပြီးဖြစ်ကြောင်း ရဲတပ်ဖွဲ့က ပြောကြားခဲ့သည်။အမေရိကန် တရားစီရင်ရေးဌာနက နိုင်ငံတော်လုံခြုံရေးကို အန္တရာယ်ဖြစ်စေသည်ဟုဆိုကာ ယခုနှစ် ဧပြီလမှစ၍ တရားမဝင်ရွှေ့ပြောင်းနေထိုင်သူများကို zero tolerance မူဝါဒ ကျင့်သုံးဆောင်ရွက်လျက် ရှိပြီး နယ်စပ်လုံခြုံရေးနှင့်တရားဥပဒေစိုးမိုးရေးကို တာဝန်ယူဆောင်ရွက်နေသည့် အမေရိကန်နိုင်ငံ လုံခြုံရေးဌာနက တရားမဝင် နယ်စပ်ဖြတ်ကျော်ခြင်းကို ရာဇဝတ်မှုဟု ယူဆထားကြောင်း သိရသည်။

(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.