Connect with us

North America

အမေရိကန်ဆိပ်ကမ်းတွင် အိုင်ဖုန်းအစိတ်အပိုင်း အတု ၅,၀၀၀နီးပါး ဖမ်းဆီးရမိ

အမေရိကန်တွင် ဖမ်းဆီးရမိသည့် အိုင်ဖုန်းအစိတ်အပိုင်းတစ်ချို့အားတွေ့ရစဉ် (ဓါတ်ပုံ-အင်တာနက်)

လော့စ်အိန်ဂျလိစ်၊ အောက်တိုဘာ ၂၅ ရက် (ဆင်ဟွာ)

အမေရိကန်နိုင်ငံ ဆန်ဒီရေဂိုဆိပ်ကမ်း ၌ အမေရိကန်အကောက်ခွန် နှင့် နယ်စပ်ကာကွယ်ရေး (CBP) အရာရှိများသည် အိုင်ဖုန်းအစိတ်အပိုင်းအတု ၅,၀၀၀နီးပါး ကို သိမ်းဆည်းရမိခဲ့ကြောင်း အာဏာပိုင်များက အောက်တိုဘာ ၂၄ ရက်တွင်ပြောကြားခဲ့သည်။

CBP အရာရှိများသည် လွန်ခဲ့သော လ က ပေါ်တူဂီနိုင်ငံမှ သင်္ဘောဖြင့် ရောက်ရှိလာပြီး “back covers” နှင့် “polarizers” များဟု တံဆိပ်ကပ်ထားကာ လေဆိပ်သိုလှောင်ရုံတစ်ခုတွင်သိမ်းဆည်းထားသော ပစ္စည်းများကို စစ်ဆေးခဲ့ကြောင်း CBP ၏ ပြောကြားချက်အရသိရသည်။

အရာရှိများသည် အိုင်ဖုန်းအမျိုးအစား အမျိုးမျိုးအတွက် အိုင်ဖုန်းနောက်ကာဗာအတုများ နှင့် LCD မှန်အတုများကို ရှာဖွေတွေ့ရှိခဲ့ကြောင်းသိရသည်။

အိုင်ဖုန်းအစိတ်အပိုင်းအတု စုစုပေါင်း ၄,၈၂၀ ကို ရှာဖွေတွေ့ရှိခဲ့ပြီး အစစ်များဖြစ်ပါက အမေရိကန်ဒေါ်လာ ၂၂၂,၁၁၃ ဒေါ်လာ တန်ဖိုး ရှိကြောင်း CBP ကပြောကြားခဲ့သည်။

ဆန်ဒီရေဂိုဆိပ်ကမ်း ညွှန်ကြားရေးမှူး Bill Snyder က အတုအပပြုလုပ်ခြင်း နှင့် တရားမဝင် ကူးယူအသုံးပြုခြင်း အန္တရာယ်များမှ အမေရိကန်နိုင်ငံမှ စားသုံးသူများ နှင့် အမေရိကန်စက်မှုလုပ်ငန်းများအား ကာကွယ်ခြင်းသည် ၎င်း၏ ရည်မှန်းချက်ပန်းတိုင်းများအနက် တစ်ခုဖြစ်ကြောင်း ထုတ်ပြန်ချက်၌ပြောကြားခဲ့သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.