Connect with us

North America

အမေရိကန်တွင် မီးလောင်မှုကြောင့် အိမ်၃၅လုံး ပျက်စီး

အမေရိကန်နိုင်ငံ ဟူစတန်မြို့ဆင်ခြေဖုံး၌ နေအိမ်များ မီးလောင်ကျွမ်းနေစဉ် (ဓါတ်ပုံ-အင်တာနက်)

ဟူစတန်၊ ဒီဇင်ဘာ ၂၇ ရက် (ဆင်ဟွာ)

အမေရိကန်နိုင်ငံ၏ စတုတ္ထမြောက် အကြီးဆုံးဖြစ်သည့် ဟူစတန်မြို့ ဆင်ခြေဖုံးတွင် ဒီဇင်ဘာ ၂၆ရက် အစောပိုင်းက မီးလောင်မှုဖြစ်ပွားခဲ့ရာ အိမ် ၃၅လုံး ပျက်စီးဆုံးရှုံးခဲ့ကြောင်း ဒေသခံမီးသတ်အရာရှိများက အတည်ပြုပြောကြားခဲ့သည်။

ဟူစတန်မြို့လယ်ခေါင်မှ အရှေ့တောင်ဘက် ၂၀ကီလိုမီတာခန့်အကွာ တောင်ပိုင်းဟူစတန်မြို့တွင် မီးလောင်မှုဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး မီးသတ်ဝန်ထမ်းများက အစွမ်းကုန်ကြိုးစား ငြှိမ်းသတ်ခဲ့သော်လည်း ၆နာရီကျော်ကြာမှ မီးငြိမ်းသွားခဲ့ကြောင်း သိရသည်။

မီးလောင်မှုကြောင့် လူများစွာ နေအိမ်စွန့်ခွာထွက်ပြေးခဲ့ရသော်လည်း ထိခိုက်ဒဏ်ရာရရှိမှုမရှိကြောင်း နှင့် အနည်းဆုံး လူဦးရေ ၅၀ဦးကို နေရာရွှေ့ပြောင်းပေးခဲ့ရကြောင်း ကြက်ခြေနီအသင်းက ပြောကြားခဲ့သည်။

မီးလောင်ရခြင်းအကြောင်းရင်းကို စုံစမ်းစစ်ဆေးဆဲဖြစ်ကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.