Connect with us

North America

အမေရိကန်နိုင်ငံ တက္ကဆက်ပြည်နယ်ရှိ ရေနံချက်စက်ရုံတစ်ခု မီးလောင်မှုဖြစ်ပွား ၊ လူ ၃၇ ဦး ဒဏ်ရာရ


ဟူစတန်၊သြဂုတ် ၁ ရက်(ဆင်ဟွာ)

အမေရိကန်နိုင်ငံ တက္ကဆက်ပြည်နယ်ရှိ ရေနံချက်စက်ရုံတစ်ခုတွင် ဇူလိုင် ၃၁ ရက်က မီးလောင်မှုဖြစ်ပွားခဲ့ရာ လူ ၃၇ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

အချင်းဖြစ်စက်ရုံသည် ExxonMobilကုမ္ပဏီ၏ တက္ကဆက်ပြည်နယ် အရှေ့တောင်ပိုင်း Baytown မြို့ရှိ စက်ရုံဖြစ်သည်။ စက်ရုံအတွင်း ဓာတုပစ္စည်းသိုလှောင်ရာနေရာတွင် ပေါက်ကွဲမှုဖြစ်ပွားရာမှ မီးလောင်မှုဖြစ်ပွားခဲ့ခြင်း ဖြစ်ကြောင်း စက်ရုံမန်နေဂျာ Jason Duncanက သတင်းစာရှင်းလင်းပွဲတွင်ပြောကြားခဲ့သည်။ လက်ရှိတွင် ကုမ္ပဏီဝန်ထမ်းများက မီးသတ်တပ်ဖွဲ့ဝင်များနှင့်အတူ မီးထိန်းချုပ်နိုင်ရန် အစွမ်းကုန်ပူးပေါင်းလုပ်ဆောင်နေကြောင်း သိရသည်။ အချင်းဖြစ်အသေးစိတ်အကြောင်းအရင်းကို စုံစမ်းစစ်ဆေးရမည်ဖြစ်ကြောင်း သိရသည်။

အမေရိကန်နိုင်ငံ တက္ကဆက်ပြည်နယ်ရှိ အချင်းဖြစ်ပွားရာ ရေနံချက်စက်ရုံအား တွေ့ရစဉ် (ဆင်ဟွာ)

ဒဏ်ရာရသူအများစုက အသေးစားမီးလောင်ဒဏ်ရာဖြစ်ပြီး နီးစပ်ရာဆေးရုံတွင် ဆေးကုသမှုခံယူပြီးနောက် ချက်ချင်းဆေးရုံမှ ဆင်းနိုင်ခဲ့သည်ဟု Jason Duncanကဆိုသည်။ စမ်းသပ်မှုများအရ မီးလောင်မှုကြောင့် သဘာဝပတ်ဝန်းကျင်ကို ထိခိုက်မှုမရှိကြောင်း နှင့်လေထုအရည်အသွေးကို ဆက်လက်စမ်းသပ်မှုများ ပြုလုပ်သွားမည်ဖြစ်ကြောင်း Jason Duncanက ပြောကြားခဲ့သည်။

မီးလောင်မှုဖြစ်ပွားပြီးနောက် ဒေသခံအစိုးရက အနီးတဝိုက်ရှိ နေထိုင်သူများကို ဘေးအန္တရာယ်ကင်းစေရန် အလုံပိတ်အခန်းအတွင်းနေကြရန် နှိုးဆော်ထားကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.