Connect with us

North America

အမေရိကန်နိုင်ငံ ရွေးကောက်ပွဲအား ကြားဝင်စွက်ဖက်မှုကြောင့် ရုရှားနိုင်ငံသား ၁၃ ဦး၊ ရုရှား စီးပွားရေးလုပ်ငန်း ၃ ခုအား တရားစွဲ

အမေရိကန်နိုင်ငံ ဝါရှင်တန်ဒီစီရှိ တရားရေးဋ္ဌာန၏ ပြင်ပမြင်ကွင်းအား ဖေဖော်ဝါရီလ ၁၆ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ဝါရှင်တန်၊ ဖေဖော်ဝါရီ ၁၇ ရက် (ဆင်ဟွာ)

၂၀၁၇ ခုနှစ် သမ္မတ ရွေးကောက်ပွဲတွင် ဝင်ရောက်စွက်ဖက်မှုရှိသည်ဟု စွပ်စွဲမှုဖြင့် ရုရှားနိုင်ငံသား ၁၃ ဦးနှင့် ရုရှား စီးပွားရေးလုပ်ငန်း ၃ ခုအား ဖက်ဒရယ် Grand Jury က တရားစွဲထားကြောင်း အထူးရှေ့နေ Robert Mueller ၏ ရုံးမှ ဖေဖော်ဝါရီလ ၁၆ ရက်တွင် ကြေညာလိုက်သည်။

အမေရိကန်နိုင်ငံအပေါ် လိမ်လည်ခြင်း၊ ဆက်သွယ်ရေးဆိုင်ရာ လိမ်လည်မှု၊ ဘဏ်ဆိုင်ရာလိမ်လည်မှုများနှင့် ကိုယ်ရေးအချက်အလက် ခိုးယူယူခြင်း စသည်တို့ ကျူးလွန်ခဲ့ကြောင်း စွပ်စွဲချက်တွင် ပါရှိသည်။အဆိုပါ စွပ်စွဲချက်အား Mueller ရုံးမှ တွေ့ရှိခြင်း ဖြစ်ပြီး အဆိုပါရုံးသည် အမေရိကန်နိုင်ငံ ရွေးကောက်ပွဲတွင် ရုရှားက ဝင်ရောက်စွက်ဖက်မှုရှိခြင်းနှင့် ဒေါ်နယ်ထရမ့်၏ မဲဆွယ်စည်းရုံးရေးနှင့် ရုရှားနိုင်ငံအကြား ပူးပေါင်း လိမ်လည်ရန် ညှိထားသည်ဟူသော စွပ်စွဲချက်များအတွက် စုံစမ်းစစ်ဆေးမှုကို ဦးဆောင်သည့် အဖွဲ့တစ်ဖွဲ့ ဖြစ်သည်။ဆိုရှယ်မီဒီယာ အပါအဝင် ချန်နယ်များမှတစ်ဆင့် အမေရိကန် ရွေးကောက်ပွဲအပေါ် လွှမ်းမိုးနိုင်ရန် အင်တာနက် စည်းရုံးရေးတစ်ခု၌ စည်းဝါးကိုက်ခဲ့သော ကုမ္ပဏီ ၂ ခုနှင့် အင်တာနက် သုတေသန အေဂျင်စီ LLC တို့ကိုလည်း စွပ်စွဲထားကြောင်း သိရသည်။ (Xinhua)