Connect with us

North America

အမေရိကန်နိုင်ငံ အိုဟိုင်းယိုးပြည်နယ်တွင် သေနတ်ပစ်ခတ်မှုဖြစ်ပွား၊ လူ ၄ ဦး သေဆုံး

အမေရိကန်နိုင်ငံ ကယ်လီဖိုးနီယားပြည်နယ်တွင် သေနတ်ပစ်ခတ်မှုဖြစ်ပွားခဲ့သည့် အချင်းဖြစ်နေရာအား တွေ့ရစဉ် (ဆင်ဟွာ)

ဝါရှင်တန်၊ ဧပြီ ၃၀ ရက်(ဆင်ဟွာ)

အမေရိကန်နိုင်ငံ အိုဟိုင်းယိုးပြည်နယ် West Chesterမြို့နယ်ရှိ နေအိမ်တစ်ခုတွင် ဧပြီ ၂၈ ရက်က သေနတ်ပစ်ခတ်မှုဖြစ်ပွားရာ လူ ၄ ဦး သေဆုံးခဲ့ကြောင်း ရဲဘက်ဆိုင်ရာက ဧပြီ ၂၉ ရက်တွင် ပြောကြားခဲ့သည်။ လက်ရှိတွင် ရဲဘက်ဆိုင်ရာက ပြစ်မှုကျူးလွန်သူကို ရှာဖွေနေဆဲဖြစ်ကြောင်း သိရသည်။

ရဲတပ်ဖွဲ့က ဧပြီ ၂၈ ရက် ဒေသစံတော်ချိန် ည ၂၂ နာရီခန့်တွင် တယ်လီဖုန်းဖြင့်အမှုတိုင်ကြားချက်ကို ရရှိပြီးနောက် အချင်းဖြစ်ပွားသည့်နေရာသို့ ချက်ချင်းသွားရောက်ခဲ့ရာ သေဆုံးသူ ၄ ဦးကို တွေ့ရှိရ ကြောင်း ၊ သေဆုံးသူများမှာ အမျိုးသမီး ၃ ဦး ၊အမျိုးသား ၁ ဦးဖြစ်ပြီး ၎င်းတို့မှာ မိသားစုဝင်များဖြစ်ကြောင်း ရဲတပ်ဖွဲ့၏သတင်းများအရ သိရသည်။

West Chesterမြို့နယ်သည် အိုဟိုင်းယိုးပြည်နယ် Cincinnati မြို့ မြောက်ဘက် ၃၀ ကီလိုမီတာ အကွာတွင် တည်ရှိသည်။အမေရိကန်တွင် ယခုကာလများအတွင်း သေနတ်ပစ်ခတ်မှုများ မကြာခဏ ဖြစ်ပွားလေ့ရှိသည်။ ဧပြီ ၂၈ ရက်က Maryland ပြည်နယ် Baltimoreမြို့တွင် ဖြစ်ပွားခဲ့သည့် သေနတ်ပစ်ခတ်မှုကြောင့် အနည်းဆုံး လူ ၁ ဦး သေဆုံးပြီး ၆ ဦး ဒဏ်ရာရရှိခဲ့သလို ဧပြီ ၂၇ ရက်က ကယ်လီဖိုးနီးယားပြည်နယ်တောင်ပိုင်း Poway မြို့တွင်ဖြစ်ပွားသည့် သေနတ်ပစ်ခတ်မှုကြောင့် လူ ၁ ဦး သေဆုံးပြီး ၃ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။ (Xinhua)