Connect with us

North America

အမေရိကန်သမ္မတ အိုဘားမား နှင့် အာဆီယံခေါင်းဆောင်များ ဆွေးနွေးပွဲ စတင်

အမေရိကန်-အာဆီယံ ထိပ်သီး အစည်းအဝေး မြင်ကွင်းအား တွေ့ရစဉ် (ဓာတ်ပုံ- Ye Htut Facebook)

ရန်ချို မီရာ့ချ်၊ ဖေဖော်ဝါရီ ၁၆ ရက် (ဆင်ဟွာ)

အမေရိကန်နိုင်ငံ သမ္မတ ဘားရတ် အိုဘားမား နှင့် အရှေ့တောင်အာရှနိုင်ငံ ခေါင်းဆောင်များသည် ရင်းနှီး ချစ်ကြည်မှု တာရှည်တည်တံ့ရန် ရှေးရှု၍ ဖေဖော်ဝါရီ ၁၅ ရက်နေ့က စတင်တွေ့ဆုံ ဆွေးနွေးခဲ့ကြ ကြောင်း သိရသည်။

အမေရိကန်နိုင်ငံ တွင် နှစ်ရက်ကြာပြုလုပ်မည့် အဆိုပါတွေ့ဆုံဆွေးနွေးပွဲ ၌ စီးပွားရေး နှင့် လုံခြုံရေးကိစ္စရပ်များ ကို အဓိကထားဆွေးနွေးသွားမည်ဖြစ်ကြောင်း သိရသည်။

အမေရိကန်-အာဆီယံ ထိပ်သီးအစည်းအဝေး သို့ တက်ရောက်လာသော ပြည်ထောင်စု ဝန်ကြီးများဖြစ်သည့် ဦးဝဏ္ဏမောင်လွင်၊ ဒေါက်တာကံဇော် နှင့် ဦးရဲထွဋ္ဋ်တို့ အားတွေ့ရစဉ် (ဓာတ်ပုံ- Ye Htut Facebook)

သမ္မတ အိုဘားမားက အဖွင့်အမှာစကားပြောကြားရာတွင် အမေရိကန်နိုင်ငံသည် အရှေ့တောင်အာရှနိုင်ငံများ အဖွဲ့အစည်း နှင့် ထိတွေ့ဆက်ဆံမှု များကို အရှိန်အဟုန်မြှင့် တည်ဆောက်သွားရန် ဆန္ဒရှိပါကြောင်း ပြောကြားခဲ့သည်။

နှစ်ဖက်စလုံးသည် ကွာလာလမ်ပူမြို့ တွင်၂၀၁၅ခုနှစ် နိုဝင်ဘာလ က စီးပွားရေး နှင့် လုံခြုံရေးကိစ္စရပ်များတွင် ပိုမို လေးနက်စွာ ဆောင်ရွက်နိုင်ရန် တွေ့ဆုံခဲ့ကြသေးကြောင်း သိရသည်။

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.