Connect with us

North America

နှစ်ပေါင်းများစွာ ကွဲကွာခဲ့ရသော မောင်နှမများ Facebook ကြောင့် ပြန်လည် ဆုံစည်းနိုင်ခဲ့

Facebook ကြောင့် ပြန်လည် ဆုံစည်းခဲ့ရသော မောင်နှမ မက်သရူး ဟန်းဖို့ဒ်နှင့် ရှိုင်လို ဝီလ်ဆင် (ဓာတ်ပုံ-အင်တာနက်)

ဗန်ကူးဗား၊ ဖေဖော်ဝါရီ ၁၆ ရက် (ဆင်ဟွာ)

ကနေဒါနိုင်ငံ အနောက်ပိုင်းရှိ ကယ်ဂါရီမြို့၌ နေထိုင်သည့် ကနေဒါ အမျိုးသမီး တစ်ဦးသည် နှစ်သစ်အကြိုနေ့ တွင် အွန်လိုင်းမှ မက်ဆေ့ချ် တစ်စောင်ကြောင့် နှစ်ပေါင်းများစွာ ပျောက်ဆုံးနေသော မောင်လေးအား ပြန်လည် တွေ့ရှိခဲ့ကြောင်း သိရသည်။

ကနေဒါ အသံလွှင့်ဋ္ဌာန ကော်ပိုရေးရှင်း (CBC) သတင်းမှ ဖေဖော်ဝါရီလ ၁၅ ရက် တင်ပြထားချက်အရ မောင် ဖြစ်သူ မက်သ ရူး ဟန်းဖို့ဒ် (Matthew Handford) သည် အသက် ၂၅ နှစ်အရွယ် ဝီလ်ဆင်၏ “၁၉၈၇ ခုနှစ် ဖေဖော်ဝါရီလ တွင် ကယ်ဂါရီရှိ ဂရေ့စ် ဆေးရုံ၌ မွေးဖွားခံရပြီးနောက် မိခင်က အခြားသူအား မွေးဖွားရန် ပေးအပ်လိုက်သည့် ငယ် နာမည် မက်သရူး အမည်ရှိ မောင်လေး တစ်ယောက်အား ရှာဖွေနေကြောင်း” ရေးသားထားသည့် ပို့စ် တစ်ခုအား တွေ့ရှိခဲ့ရာမှ ၎င်း၏ အစ်မ ရှိုင်လို ဝီလ်ဆင်နှင့် ပြန်လည် ဆုံစည်းရန် လမ်းစ ပေါ်လာခဲ့သည်။

“ကျွန်မ သိပ်တော့ မယုံကြည်ခဲ့ပါဘူး၊ ဒါပေမဲ့ အခုတော့ မောင်လေးနဲ့ ပြန်တွေ့ခဲ့ပါပြီ၊ ကျွန်မ တကယ် ပျော်ရွှင် ရပါတယ်၊ ဒါဟာ မိသားစု အံသြဖွယ် ပြန်လည်ဆုံတွေ့ရတဲ့နေ့ပါပဲ” ဟု ဝီလ်ဆင်က ပြောသည်။

လွန်ခဲ့သည့် ဒီဇင်ဘာလက ဟန်းဖို့ဒ်သည် ၎င်း၏ မွေးချင်း သုံးဦးအား ရှာဖွေရန် ပို့စ်တစ်ခုအား ဖေ့ဘွတ်၌ ရေးသားခဲ့သည်။ ၎င်းတို့၏ နာမည်များ ရေးထားသည့် စာရွက်ပိုင်းလေးအား မွေးစားမိခင်က သူ့ အား ပေးခဲ့သည်။

ဟန်းဖို့ဒ်သည် ၎င်း၏ မွေးမိခင် Marilyn Levasseur ၏အမည်နှင့် နောက်ဆုံးစာလုံး တူသော Wanda Levasseur အား ဖေ့ဘွတ်တွင် ဆက်သွယ်မိခဲ့သည်။ ထိုသို့ ရှာဖွေနေခဲ့ရာမှ ဖေဖော်ဝါရီလ ၁၁ ရက်အထိ Wanda က ဝီလ်ဆင်၏ ပို့စ်အား မပြမီ အချိန်အထိ မည်သည့် သတင်းမှ မကြားခဲ့ရပေ။ ထို့နောက် ဟန်းဖို့ဒ်နှင့် ဝီလ်ဆင်တို့သည် ဖေ့ဘွတ်၌ တွေ့ဆုံ၊ ဖုန်းဆက်သွယ်ကာ ဟန်းဖို့ဒ်သည် ဖေဖော်ဝါရီလ ၁၃ ရက်က အစ်မနှင့် တွေ့ဆုံရန် တိုရန်တို သို့ ရောက်ရှိလာခဲ့သည်။“ကျွန်တော် မွေးစားခံခဲ့ရတုန်းက လေးရက်သားပဲ ရှိပါသေးတယ်” ဟု ဟန်းဖို့ဒ်က ပြောကြားခဲ့သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.