Connect with us

North America

အမေရိကန်အနေဖြင့် စိတ်အလိုမကျလျှင် နုတ်ထွက်မည်ဆိုတာမျိုးတော့ မဖြစ်သင့်

ကမ္ဘာ့စာပို့လုပ်ငန်း သမဂ္ဂ (UPU) အဆောက်အအုံအား တွေ့ရစဉ်(ဓါတ်ပုံ-အင်တာနက်)

ဝါရှင်တန် ၊ အောက်တိုဘာ ၁၉ ရက်(ဆင်ဟွာ)

ကမ္ဘာ့စာပို့လုပ်ငန်း သမဂ္ဂ (UPU)မှ နုတ်ထွက်တော့မည်ဟု အမေရိကန် အိမ်ဖြူတော်က အောက်တိုဘာ ၁၇ ရက်တွင် ကြေညာခဲ့ပြီးနောက် နိုင်ငံတကာတွင် ဝေဖန်သုံးသပ်မှုအများအပြား ဖြစ်ပေါ်လာပါသည်။ အမေရိကန်သည် နိုင်ငံတကာဘက်ပေါင်းစုံပါဝင်သည့် ကဏ္ဍများတွင် ဖိအားပေး ခြင်း၊ထစ်ခနဲ့ဆိုလျှင် သီးခြားခွဲထွက်လုပ်ဆောင်မည်ဟု ဆိုခြင်းများက အမှန်ပင် မသင့်တော်သည့် လုပ်ရပ်များပင်ဖြစ်ကြောင်း ရှုမြင်လာကြသည်။

လက်ရှိ ကမ္ဘာ့စာပို့လုပ်ငန်း သမဂ္ဂ (UPU)၏ Terminal fees သတ်မှတ်ချက်များက တရားမျှတမှု မရှိသောကြောင့် အမေရိကန်အနေဖြင့် နစ်နာသည်ဟု အမေရိကန်ကဆိုသည်။ Terminal fees နှင့်ပတ်သက်၍ သမဂ္ဂအဖွဲ့ဝင်များနှင့် ဆွေးနွေးမှုသည် တစ်နှစ် အတွင်း ကျေနပ်ရလောက်သည့် သဘောတူညီချက်အသစ် မရရှိပါက အမေရိကန်အနေဖြင့် ၎င်းသမဂ္ဂမှ နုတ်ထွက်မည် ဖြစ်ကြောင်း ခြိမ်းခြောက်ထားသည့်အပြင် ဆွေးနွေးမှုရလဒ်ကမည်သို့ပင်ဖြစ်စေ နိုင်ငံတကာ အမြန်အချောပို့ပစ္စည်း များအတွက် ပြည်တွင်းပေးချေနှုန်းထားကို မိမိ၏စံနှုန်းများနှင့်ကောက်ခံသွားမည်ဖြစ်သည်ဟု ဆိုသည်။

သမိုင်းနှစ်ပေါင်း ၁၄၀ ကျော်ရှိသည့် ကမ္ဘာ့စာပို့လုပ်ငန်း သမဂ္ဂ(UPU)သည် နိုင်ငံတကာစာပို့လုပ်ငန်း များအကြား ပူးပေါင်းဆောင်ရွက်မှုကို မြှင့်တင်စေရန်၊ကောင်းမွန်စေရန် ရည်ရွယ်ချက်ဖြင့် တည်ထောင်ထားခြင်း ဖြစ်ရာ အပြည်ပြည်ဆိုင်ရာ စာပို့လုပ်ငန်း ပူးပေါင်းဆောင်ရွက်မှုကို ကောင်းမွန်အောင် တွန်းအားပေးရာတွင် အရေးပါသည့်အခန်းကဏ္ဍမှ ပါဝင်သည်။ ယခင်သမိုင်းကြောင်းကို ပြန်ပြောင်းကြည့်မည်ဆိုလျှင် အမေရိကန်သည် ယင်းကဏ္ဍတွင် ဦးဆောင် တွန်းအားပေးဆောင်ရွက်သူဖြစ်သလို အကျိုးမြတ်ခံစားရသူလည်းဖြစ်သည်။ သို့သော် ယနေ့ ကုန်သွယ်ရေး ခေတ်အခါ ပြောင်းလဲလာသောကြောင့် အကျိုးစီးပွားပုံစံအပြောင်းအလဲရှိလာသည်မှာ လည်း ဓမ္မတာပင်ဖြစ်သည်။ မိမိ၏ အကျိုးစီးပွားကို ကာကွယ်ခြင်းမှာ မမှားသော်လည်း အခြား ဘက်ပေါင်းစုံ၏အကျိုးစီးပွားကို ဂရုပြုကာ အတူအကျိုးဖြစ်ထွန်းစေနိုင်မည့် နည်းလမ်းကို ရှာဖွေခြင်းက သာ တရားမျှတမှန်ကန်သည့်နည်းလမ်းဖြစ်ပေသည်။

ခေတ်အခါအဆက်မပြတ်တိုးတက်ပြောင်းလဲလာသည့်အခါ နိုင်ငံတကာ စည်းမျဉ်းစည်းကမ်းများသည် လည်း ခေတ်နှင့်အညီဖြစ်ရန်လိုအပ်ရာ ဆွေးနွေးညှိနှိုင်းမှုများကို အားလုံး အတူ ဆွေးနွေးညှိနှိုင်း တိုင်ပင်သတ်မှတ်ရမည်ဖြစ်သောကြောင့် တစ်ဖက်သတ် ပြင်ချင်သလို ပြင်မည် ဆိုတာမျိုးက မဖြစ် သင့်သလို နိုင်ငံကြီးဟူ၍ အတင်းအကြပ် ဖိအားပေး ဆောင်ရွက်ခြင်းမျိုးက သာ၍ ပင် မဖြစ်သင့်ပေ။ အင်တာနက်ကွန်ရက်ခေတ်တွင် နိုင်ငံတကာ ကုန်ပစ္စည်းသယ်ယူပို့ဆောင်ရေးများ အဆင်ပြေချောမွေ့ စေရန် တစ်ကမ္ဘာလုံး၏ နီးနီးကပ်ကပ် ပူးပေါင်းဆောင်ရွက်မှုက အထူးလိုအပ်သည်။ ပူးပေါင်းဆောင်ရွက်မှသာ လွယ်ကူမြန်ဆန်ထိရောက် သည့် ကုန်ကျစရိတ်သက်သာသည့် သယ်ယူ ပို့ဆောင်ရေးဖြစ်မည်ဖြစ်သလို နိုင်ငံတကာလူမှုအဖွဲ့အစည်း၊ သယ်ယူပို့ဆောင်ရေးလုပ်ငန်း များနှင့် အသုံးပြုအားလုံး အကျိုးဖြစ်ထွန်းစေနိုင်မည်ဖြစ်သည်။ တယူသန်စည်းမျဉ်းစည်းကမ်းဖောက်ဖျက်ခြင်းသည် နိုင်ငံတကာလူမှုအသိုင်းအဝိုင်းတစ်ခုလုံး၏ အကျိုးစီးပွားကို ထိခိုက်စေသလို ရေရှည်အားဖြင့် ကြည့်မည်ဆိုလျှင်လည်း မိမိ၏အကျိုးစီးပွားကို နစ်နာဆုံးရှုံးစေနိုင်သည်။

အကျိုးအမြတ်ရှိချိန်တွင် အားပေးထောက်ခံပြီး နစ်နာချိန်တွင် နုတ်ထွက်ခြင်း သို့တည်းမဟုတ် နုတ်ထွက်ရန် ခြိမ်းခြောက်ခြင်းများသည် အမေရိကန်အစိုးရ၏ မကျေနပ်မှုများကို ဖော်ပြသည့် အဓိက နည်းလမ်းကဲ့သို့ဖြစ်နေသည်။ နိုင်ငံတကာစည်းမျဉ်းစည်းကမ်း၊ သဘောတူညီချက်များကို အလေးမထားဘဲ နိုင်ငံတကာအဖွဲ့အစည်းနှင့်သဘောတူညီချက်များမှ ဆက်တိုက်ဆိုသကဲ့သို့ အမေရိကန်က နုတ်ထွက်ခဲ့သည်။ ထိုသို့လုပ်ဆောင်ခြင်းသည် ကမ္ဘာလုံးဆိုင်ရာ စီမံခန့်ခွဲမှုကို အရိပ်မည်းကျစေသလို ဘက်ပေါင်းစုံပါဝင်သည့် စနစ်ကို ရေရှည် ထိခိုက်နစ်နာစေပြီး အနုတ်လက္ခဏာ သက်ရောက်မှုများ ဖြစ်ပေါ်စေသောကြောင့် နိုင်ငံတကာလူမှုအသိုင်းအဝိုင်းက စိုးရိမ်နေကြသည်။

နိုင်ငံတကာအဖွဲ့အစည်းများမှ အမေရိကန်နုတ်ထွက်မှု များလာသည်နှင့်အမျှ အများက ၎င်းအပေါ် ယုံကြည်မှုများကလည်း ကျဆင်းလာပါသည်။ ကမ္ဘာ့ဖွံ့ဖြိုးပြီးနိုင်ငံကြီးတစ်နိုင်ငံအနေဖြင့် အမေရိကန် သည် နိုင်ငံတကာဘက်ပေါင်းစုံပါဝင်သည့်စနစ်အား ထိန်းသိမ်းမည့်တာဝန်ကို ပို၍ အလေးအနက်ထား ကာ အရာရာကိုအသေအချာစဉ်စားလုပ်ဆောင်သင့်ပေသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.