Connect with us

North America

မက္ကဆီကို နိုင်ငံ အနောက်ပိုင်းတွင် ယာဉ်မတော်တဆ ဖြစ်ပွားမှုကြောင့် လူ ၁၀ ဦး သေဆုံး

မက္ကဆီကိုတွင် ယာဉ်မတော်တဆမှု ဖြစ်ပွားခဲ့သည့် အချင်းဖြစ်နေရာတစ်ခုအား တွေ့ရစဉ် (ဆင်ဟွာ)

မက္ကဆီကို စီးတီး ၊ အောက်တိုဘာ ၁၉ ရက်(ဆင်ဟွာ)

မက္ကဆီကို နိုင်ငံ အနောက်ပိုင်း Michoacán ပြည်နယ် တွင် အောက်တိုဘာ ၁၈ ရက်က ယာဉ်မတော်တဆမှု တစ်ခု ဖြစ်ပွားခဲ့ရာ လူ ၁၀ ဦး သေဆုံးပြီး ၁၀ ဦးကျော် ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

ခရီးသည်တင်ယာဉ်တစ်စီးသည် အောက်တိုဘာ ၁၈ ရက်နေ့ ညနေပိုင်းက Angangueo မြို့တွင် မောင်းနှင်နေစဉ် ကုန်တင်ယာဉ်တစ်စီးနှင့်မျက်နှာချင်းဆိုင်တိုက်မိ ပြီး ယာဉ်မောင်းလမ်းမှ ချော်ထွက် ကာ လမ်းနံဘေးရှိ သစ်ပင်နှင့်လူနေအိမ်ကို ဝင်တိုက်မိသောကြောင့် လူသေဆုံးဒဏ်ရာရမှုများ ဖြစ်ပွားခဲ့ကြောင်း ၊ ဒဏ်ရာရသူအချို့ကို ဆေးရုံသို့ပို့ဆောင်ပြီး ကူညီကယ်ဆယ်ရေးလုပ်ငန်းများကို ဆက်လက်လုပ်ဆောင်နေကြောင်း Michoacán ပြည်နယ် အရာရှိတစ်ဦးက ဆိုသည်။

လက်ရှိတွင် အချင်းဖြစ်ပွားသည့် အကြောင်းအရင်းကို စုံစမ်းစစ်ဆေးဆဲဖြစ်ကြောင်းသိရသည်။ ယာဉ်ဘရိတ်ပေါက်မှုကြောင့် ယခုကဲ့သို့ယာဉ်မတော်တဆမှု ဖြစ်ပွားရခြင်း ဖြစ်ကြောင်း အချို့သတင်းများက ဖော်ပြထားသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.