Connect with us

North America

အမေရိကန် နိုင်ငံ ကယ်လီဖိုးနီးယား ပြည်နယ် တွင် လူအများ သေဆုံးဒဏ်ရာရရှိစေသည့် သေနတ် ပစ်ခတ်မှု ထပ်မံ ဖြစ်ပွား


လော့စ်အိန်ဂျလိစ် ၊ နိုဝင်ဘာ ၉ ရက် (ဆင်ဟွာ)

အမေရိကန် နိုင်ငံ ကယ်လီဖိုးနီးယား ပြည်နယ် တွင် နိုဝင်ဘာ ၇ ရက် ညပိုင်း အချိန် ၌ သေနတ် ပစ်ခတ်မှု ဖြစ်ပွား ခဲ့ရာ သေနတ်ပစ်ခတ်သူ နှင့် ရဲတပ်ဖွဲ့ဝင် တစ်ဦး အပါအဝင် လူပေါင်း အနည်းဆုံး ၁၃ ဦး သေဆုံး ခဲ့ပြီး ၁၀ ဦး ဒဏ်ရာရရှိခဲ့ကြောင်း ရဲတပ်ဖွဲ့ ၏ ထုတ်ပြန်ချက်အရ သိရှိရသည်။

ကယ်လီဖိုးနီးယား ပြည်နယ် Ventura ဒေသ ရဲတပ်ဖွဲ့ ၏ ပြောကြားချက်အရ နိုဝင်ဘာ ၇ ရက် ဒေသစံတော်ချိန် ည ၁၁ နာရီ ၂၀ မိနစ် ခန့်တွင် သေနတ် ကိုင်ဆောင်သူ တစ်ဦး က Thousand Oaks မြို့ရှိ အရက်ဘား တစ်ခုသို့ မီးခိုးငွေ့ဗုံး ပစ်ထည့် ခဲ့ပြီး ဆိုင်အတွင်းရှိ လူများအား သေနတ် ဖြင့် ပစ်ခတ်ခဲ့ကြောင်း ၊ ရဲတပ်ဖွဲ့ဝင် များ အခင်းဖြစ်ပွား ရာနေရာ သို့ ရောက်ရှိချိန်တွင် သေနတ် ပစ်ခတ်သူ နှင့် တိုက်ခိုက်မှု ဖြစ်ပွား ခဲ့ပြီး ရဲတပ်ဖွဲ့ဝင် တစ်ဦး က သေဆုံးခဲ့ရကြောင်း သိရှိရသည်။အချင်းဖြစ်စဉ် အား ကြုံတွေ့ခဲ့ရသူ တစ်ဦး က သေနတ်ပစ်ခတ်မှု ဖြစ်ပွား စဉ် အရက်ဘားအတွင်း ၌ လူပေါင်း ရာနှင့်ချီ၍ ရှိနေကြောင်း ၊ သေနတ်ပစ်ခတ်မှု စတင်ဖြစ်ပွား ချိန်တွင် လူအများက ထွက်ပြေး ခဲ့ကြပြီး အချို့ က သန့်စင်ခန်း အတွင်း ပုံးခိုနေခဲ့ရကြောင်း ပြောကြား ခဲ့သည်။

အမေရိကန် နိုင်ငံ ကယ်လီဖိုးနီးယား ပြည်နယ် Ventura ဒေသ တွင် နိုဝင်ဘာ ၇ ရက် ညပိုင်း အချိန် ၌ သေနတ် ပစ်ခတ်မှု ဖြစ်ပွားစဉ်(ဆင်ဟွာ)

အမေရိကန် နိုင်ငံ ရဲတပ်ဖွဲ့ ၏ နိုဝင်ဘာ ၈ ရက် သတင်း ထုတ်ပြန်ချက်အရ သေနတ် ပစ်ခတ်သူ သည် အသက် ၂၈ နှစ်ရှိ သူ တစ်ဦး ဖြစ်ပြီး အာဖဂန်နစ္စတန် တိုက်ပွဲ တွင် ပါဝင်ခဲ့သည့် အမေရိကန် မရိန်း တပ်သား ဟောင်း တစ်ဦး ဖြစ်ကြောင်း ၊ ၎င်း အနေဖြင့် ၂၀၁၀ ခုနှစ် နိုဝင်ဘာလ မှ ၂၀၁၁ ခုနှစ် ဇွန်လ အထိ အာဖဂန်နစ္စတန် တွင် တာဝန်ထမ်းဆောင် ခဲ့သူ တစ်ဦး ဖြစ်ကြောင်း သိရှိရသည်။

အမေရိကန် နိုင်ငံ ကယ်လီဖိုးနီးယား ပြည်နယ် Ventura ဒေသ တွင် နိုဝင်ဘာ ၇ ရက် ညပိုင်း အချိန် ၌ သေနတ် ပစ်ခတ်မှု ဖြစ်ပွားစဉ်(ဆင်ဟွာ)

အမေရိကန် နိုင်ငံ ကယ်လီဖိုးနီးယား ပြည်နယ် Ventura ဒေသ တွင် နိုဝင်ဘာ ၇ ရက် ညပိုင်း အချိန် ၌ သေနတ် ပစ်ခတ်မှု ဖြစ်ပွားစဉ်(ဆင်ဟွာ)

လတ်တလော နှစ်ပိုင်း အတွင်း အမေရိကန် နိုင်ငံ တွင် သေနတ်ပစ်ခတ်မှုများ မကြာခဏ ဖြစ်ပွား လေ့ရှိပြီး ၂၀၁၇ ခုနှစ် အောက်တိုဘာ ၁ ရက် တွင် ဖြစ်ပွား ခဲ့သည့် သေနတ် ပစ်ခတ်မှု က လူပေါင်း ၅၈ ဦး သေဆုံး ခဲ့ပြီး ၅၀၀ ကျော် ဒဏ်ရာရရှိစေခဲ့သည်။ ၂၀၁၈ ခုနှစ် အတွင်း နိုဝင်ဘာ ၈ ရက် အထိ အမေရိကန် နိုင်ငံ တွင် သေနတ်ပစ်ခတ်မှုပေါင်း ၄၈,၉၆၆ ကြိမ် ဖြစ်ပွား ခဲ့ပြီး လူပေါင်း ၁၂,၄၇၈ ဦး သေဆုံး ခဲ့ကြောင်း သိရှိရသည်။(Xinhua)