Connect with us

North America

အမေရိကန် နိုင်ငံ အနေဖြင့် ကိုရီးယား ကျွန်းဆွယ် နျူကလီးယား ကင်းစင်ရေး အတွက် ငြိမ်းချမ်းစွာ ဖြေရှင်းမှု နည်းလမ်း ကို ရှာဖွေနေကြောင်း ပြောကြား

အမေရိကန် နိုင်ငံ သမ္မတ ဒေါ်နယ်ထရမ့် အား မြင်တွေ့ရစဉ်(ဆင်ဟွာ)

ဝါရှင်တန် ၊ ဧပြီ ၂၇ ရက် (ဆင်ဟွာ)

အမေရိကန် နိုင်ငံ အစိုးရ အရာရှိ တစ်ဦး က အမေရိကန် နိုင်ငံ အနေဖြင့် ပိတ်ဆို့အရေးယူမှု နှင့် နိုင်ငံခြားရေး ဆောင်ရွက်မှု တို့ကို ပူးပေါင်းဆောင်ရွက်သည့် ပုံစံ မျိုးဖြင့် ကိုရီးယား ကျွန်းဆွယ် နျူကလီးယား ကင်းစင်ရေး ကို အကောင်အထည် ဖော်လိုပြီး ဆွေးနွေးညှိနှိုင်းခြင်းဖြင့် အဆိုပါ ရည်ရွယ်ချက် ဖြစ်မြောက်စေရန် အမြဲတန်း တံခါးဖွင့်ပေးထားကြောင်း ပြောကြား ခဲ့သည်။

အမေရိကန် နိုင်ငံခြားရေး ဝန်ကြီး ၊ ကာကွယ်ရေး ဝန်ကြီး နှင့် နိုင်ငံတော် သတင်းအချက်အလက် ဌာန ညွှန်ကြားရေးမှူး စသည့် တို့မှ အတူတကွ ပူးပေါင်းထုတ်ပြန်ခဲ့သည့် ကြေညာချက်တစ်ခုတွင် အမေရိကန် နိုင်ငံ အနေဖြင့် လက်ရှိချိန်တွင် နိုင်ငံတကာ အသိုင်းအဝိုင်း နှင့် အတူတကွ ကြိုပမ်းကာ မြောက်ကိုရီးယား အစိုးရ အပေါ် ဖိအားပေး ဆောင်ရွက်မှု များပြုလုပ်နေကြောင်း ၊ မြောက်ကိုရီးယား အနေဖြင့် တင်မာမှု အခြေအနေ လျော့ကျ လာစေရန် နှင့် ဆွေးနွေးညှိနှိုင်းမှု လမ်းကြောင်း ပေါ်သို့ ပြန်လည် ရောက်ရှိလာရန် တိုက်တွန်းပြောကြားနေကြောင်း ပါဝင် ခဲ့သည်။

ထုတ်ပြန်ချက်တွင် ဒေါ်နယ်ထရမ့် အစိုးရ အနေဖြင့် မြောက်ကိုရီးယား နိုင်ငံ အပေါ် စီးပွားရေး အရ ပိတ်ဆို့ အရေးယူမှု ကို တိုးမြှင့်ဆောင်ရွက်ပြီး အမေရိကန် နိုင်ငံ ၏ မဟာမိတ်များ နှင့် ဒေသတွင်းရှိ ပူးပေါင်းဆောင်ရွက်မှု မိတ်ဖက်များနှင့် အတူတကွ နိုင်ငံခြားရေး နည်းလမ်းဖြင့် မြောက်ကိုရီးယား နိုင်ငံ အပေါ် ဖိအားပေး ဆောင်ရွက်ခြင်းဖြင့် မြောက်ကိုရီးယား နိုင်ငံ မှ နျူကလီးယား စီမံကိန်း နှင့် ဒုံးကျည် စမ်းသပ်မှု များကို စွန့်လွှတ်သွားစေရန် ဆောင်ရွက်နေကြောင်း ပါဝင် ခဲ့သည်။

ထို့ပြင် ထုတ်ပြန်ချက်တွင် အမေရိကန် နိုင်ငံ အနေဖြင့် ကိုရီးယား ကျွန်းဆွယ် တည်ငြိမ်အေးချမ်းရေး နှင့် ငြိမ်းချမ်းစွာ ကိုရီးယား ကျွန်းဆွယ် နျူကလီးယား ကင်းစင်ရေး အတွက် ဖြေရှင်းမှု နည်းလမ်းကို ရှာဖွေနေပြီး တစ်ချိန်တည်းမှာပင် ဆွေးနွေးညှိနှိုင်းရန် အတွက် တံခါးဖွင့်ထားပေးပြီး အမေရိကန် နိုင်ငံ နှင့် မဟာမိတ် တို့၏ လုံခြုံရေး အတွက်လည်း ပြင်ဆင်မှုများ ပြုလုပ်ထားကြောင်း ပါဝင်ခဲ့သည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.