Connect with us

North America

အမေရိကန် သမ္မတလောင်း ပြိုင်ပွဲမှ ဂျက် ဘုရှ် နုတ်ထွက်

ရီပက်ဘလစ်ကန်ပါတီမှ ဂျက်ဘုရှ်ကို တွေ့ရစဉ် (ဆင်ဟွာ)

ဝါရှင်တန်၊ ဖေဖော်ဝါရီ ၂၁ ရက် (ဆင်ဟွာ)

ဖလော်ရီဒါ အုပ်ချုပ်ရေးမှူးဟောင်း ဂျက် ဘုရှ် (Jeb Bush) က တောင်ကယ်ရိုလိုင်းနား ပြည်နယ် ပရိုင်မာရီ (Primary) တွင် ရှုံးနိမ့်ခဲ့ပြီးနောက် အမေရိကန် သမ္မတလောင်း ပြိုင်ပွဲမှ နုတ်ထွက်မည် ဖြစ်ကြောင်း ဖေဖော် ဝါရီလ ၂၀ ရက်တွင် ကြေညာလိုက်သည်။

အိုင်အိုဝါ၊ နယူးဟမ့်ရှိုင်းယား နှင့် တောင်ကယ်ရိုလိုင်းနား ပြည်နယ်များက ပြည်သူများ၏ ဆုံးဖြတ်ချက်ကို လေးစားကြောင်း ၎င်းကို ထောက်ခံသူများအား ဖေဖော်ဝါရီလ ၂၀ ရက်ညက ပြောကြားခဲ့သည်။

မဲ ၈၂ ရာခိုင်နှုန်း ရေတွက်ပြီးချိန်တွင် ဘုရှ်မှာ မဲ ၈.၁ ရာခိုင်နှုန်းသာ ရရှိခဲ့သည်။

ဘုရှ်မှာ ဇွန်လအတွင်း သမ္မတလောင်းရွေးချယ်ပွဲ ဝင်ရောက်ခဲ့စဉ်က ရီပက်ဘလစ်ကန် ပါတီအတွင်း မျက်နှာ သာပေးခံခဲ့ရသူ ဖြစ်သော်လည်း နောက်ပိုင်းတွင် နယူးယောက် သူဋ္ဌေးကြီး ဒေါ်နယ် ထရမ့်အောက်သို့ ရောက် သွားခဲ့သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.