Connect with us

North America

နီဗားဒါး ဒီမိုကရက်တစ် ကော့ကက်စ်မှာ ဟီလာရီ ကလင်တန် အနိုင်ရပြီး တောင်ကယ်ရိုလိုင်းနား ရီပက်ဘလစ်ကန် ပရိုင်မာရီ မှာ ဒေါ်နယ်ထရမ့် အနိုင်ရ

ဒီမိုကရက်တစ်ပါတီမှ ဟီလာရီ ကလင်တန်ကို တွေ့ရစဉ် (ဆင်ဟွာ)

ဝါရှင်တန်၊ ဖေဖော်ဝါရီ ၂၁ ရက် (ဆင်ဟွာ)

ဒီမိုကရက်တစ်ပါတီ ကိုယ်စားပြု သမ္မတလောင်းရွေးချယ်ပွဲ အတွက် အရေးပါသော အောင်မြင်မှု တစ်ခုအဖြစ် ဖေ ဖော်ဝါရီလ ၂၀ ရက်တွင် ပြုလုပ်သည့် နီဗားဒါးပြည်နယ် ဒီမိုကရက်တစ် ကော့ကက်စ် (Caucuses) နေ့ ပြိုင် ပွဲတွင် ဟီလာရီ ကလင်တန်က အနိုင်ရရှိခဲ့ကြောင်း U.S. TV networks သတင်းအရ သိရသည်။

မဲအရေအတွက် ၇၉.၂ ရာခိုင်နှုန်း ရေတွက်ပြီးချိန်တွင် ကလင်တန်က ၅၂.၁ ရာခိုင်နှုန်း၊ ဘာနီး ဆန်းဒါးစ်က ၄၇.၈ ရာခိုင်နှုန်းဖြင့် ကလင်တန်က အနိုင်ရရှိခဲ့သည်။

ယင်းနေ့တွင်ပင် တောင်ကယ်ရိုလိုင်းနားပြည်နယ်၌ ပြုလုပ်သည့် ရီပက်ဘလစ်ကန်ပါတီ၏ ပရိုင်မာရီ (Primary) တွင် နယူးယောက် သူဋ္ဌေးကြီး ဒေါ်နယ် ထရမ့်က အနိုင်ရရှိခဲ့သည်။ အဆိုပါ အနိုင်ရမှုသည် ဖေဖော်ဝါရီလ ၉ ရက်တွင် နယူးဟမ့်ရှိုင်းယားပြိုင်ပွဲပြီးနောက် ဒေါ်နယ်ထရမ့်၏ ဒုတိယမြောက် အောင်မြင်မှုလည်း ဖြစ်သည်။

ပါတီအတွင်း သမ္မတလောင်းရွေးချယ်ပွဲအတွက် ပြည်နယ် တစ်ခုချင်းစီမှာ ဝင်ရောက် ယှဉ်ပြိုင်နေခြင်း ဖြစ်ပြီး ဒီမိုကရက်တစ်ပါတီမှ သမ္မတဟောင်း ကတော်နှင့် နိုင်ငံခြားရေး ဝန်ကြီးဟောင်း ဟီလာရီ ကလင်တန် နှင့် အထက်လွှတ်တော် အမတ် ဘာနီး ဆန်ဒါးစ်တို့က ဝင်ရောက်ယှဉ် ပြိုင်နေသည်။ အိုင်အိုဝါပြည်နယ်တွင် ကလင်တန်က အနိုင်ရရှိထားသလို နယူးဟမ့်ရှိုင်းယားပြည်နယ်တွင်မူ ဘာနီး ဆန်ဒါးစ်က အနိုင်ရရှိထားသည်။

ရီပက်ဘလစ်ကန်ပါတီဘက်တွင်မူ ဖလော်ရီဒါ ပြည်နယ် အုပ်ချုပ်ရေးမှူးဟောင်း ဂျက်ဘုရှ်၊ အငြိမ်းစား ဦးနှောက်နှင့် အာရုံကြောခွဲစိတ်ဆရာဝန် ဘန်ကာစန်၊ အထက်လွှတ်တော်အမတ် တက်ဒ်ခရုဇ်၊ ဗာဂျီးနီး ယားပြည်နယ် အုပ်ချုပ်ရေးမှူဟောင်း ဂျင်မ် ဂီလ်မိုး၊ အိုဟိုင်းအိုပြည်နယ် အုပ်ချုပ်ရေးမှူး ဂျွန်ကဆစ်၊ အထက်လွှတ်တော်အမတ် မာကို ရူဘီယိုနှင့် အိမ်ခြံမြေ သူဋ္ဌေးကြီး ဒေါ်နယ် ဂျေ ထရမ့်တို့က ဝင်ရောက် ယှဉ်ပြိုင်လျက်ရှိသည်။

Super Tuesday ဟုလူသိများသည့် ပြည်နယ်ပေါင်း ၁၂ ပြည်နယ်နှင့် နယ်မြေ တစ်ခုတွင် တစ်ပြိုင်နက်တည်း ကျင်းပမည့် 2016 presidential primary season အား မတ်လ ၁ ရက်တွင် ပြုလုပ်မည် ဖြစ်သည်။ (Xinhua)