Connect with us

North America

အမေရိကန် NASA တွဲဖက် အုပ်ချုပ်ရေးမှူး က တရုတ်နိုင်ငံ “ထျန်းဝန်-၁” အင်္ဂါဂြိုဟ် စူးစမ်းလေ့လာရေးယာဉ် အောင်မြင်စွာဆင်းသက်နိုင်ခဲ့ခြင်းအပေါ် ဂုဏ်ပြု

ဝါရှင်တန် ၊ မေ ၁၆ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံ ၏ “ထျန်းဝန်-၁” အင်္ဂါဂြိုဟ် စူးစမ်းလေ့လာရေးယာဉ်သည် အင်္ဂါဂြိုဟ်ပေါ်သို့ အောင်မြင်စွာ ဆင်းသက်နိုင်ခဲ့ခြင်းအပေါ် အမေရိကန် NASA တွဲဖက်အုပ်ချုပ်ရေးမှူး Thomas Zurbuchen က မေ ၁၅ ရက်၌ ံ ဂုဏ်ပြုကြောင်း ပြောကြားခဲ့သည်။Thomas Zurbuchen က တွစ်တာလူမှုကွန်ရက်မှတစ်ဆင့် တရုတ်နိုင်ငံ၏ ပထမဦးဆုံးသော အင်္ဂါဂြိုဟ် စူးစမ်းလေ့လာရေးယာဉ် အောင်မြင်စွာဆင်းသက်နိုင်ခဲ့ခြင်းအပေါ် ဂုဏ်ပြုလိုကြောင်း နှင့် တရုတ်နိုင်ငံ အမျိုးသား အာကာသစီမံခန့်ခွဲမှု ဦးစီးဌာန(CNSA) “ထျန်းဝန်-၁” အဖွဲ့ဝင်များကိုလည်း ဂုဏ်ပြုလိုကြောင်း ရေးသားဖော်ပြခဲ့သည်။

ထို့ပြင် Zurbuchen က ကမ္ဘာပေါ်ရှိ သိပ္ပံနည်းပညာနယ်ပယ်တွင် တရုတ်နိုင်ငံ၏ ယခုအကြိမ် လုပ်ဆောင်မှု မှ တစ်ဆင့် ကမ္ဘာ့လူသားအားလုံးအတွက် အင်္ဂါဂြိုဟ်အား ပိုမိုသိရှိနားလည်နိုင်ရန် အရေးပါသော ဆောင်ရွက်မှုပြုလုပ်သွားစေနိုင်ရန်မျှော်လင့်ကြောင်း ပြောကြားခဲ့သည်။အမေရိကန်နိုင်ငံ NASA ကလည်း Thomas Zurbuchen ၏ ရေးသားဖော်ပြမှုကို ထပ်ဆင့် မျှဝေ ခဲ့ကြောင်း သိရှိရသည်။

ရုရှားနိုင်ငံပိုင် အာကာသပူးပေါင်းဆောင်ရွက်မှု (Roscosmos) အကြီးအကဲ Dmitry Rogozin နှင့် ပြင်သစ်နိုင်ငံ အမျိုးသား အာကာသသုတေသနစင်တာ (CNES) Solar system စူးစမ်းလေ့လာရေးစီမံကိန်းတာဝန်ခံ Francis Rocard တို့ကလည်း မေလ ၁၅ ရက်၌ “ထျန်းဝန်-၁” အင်္ဂါဂြိုဟ် စူးစမ်းလေ့လာရေးယာဉ် အောင်မြင်စွာဆင်းသက်နိုင်ခဲ့ခြင်းအပေါ် အသီးသီး ဂုဏ်ပြုခဲ့ကြကြောင်း သိရှိရသည်။

“ထျန်းဝန်-၁” အာကာသစူးစမ်းလေ့လာရေးယာဉ်သည် မေ ၁၅ ရက် တွင် အင်္ဂါဂြိုဟ်၏ Utopia မြေပြန့်တောင်ပိုင်းသို့ အောင်မြင်စွာ ဆင်းသက်နိုင်ခဲ့ပြီ ယင်းမှ တရုတ်နိုင်ငံ၏ အင်္ဂါဂြိုဟ်ပေါ်သို့ ပထမဦးဆုံး ဆင်းသက်နိုင်ခဲ့ခြင်းဖြစ်ကာ တရုတ်နိုင်ငံ အာကာသစူးစမ်းလေ့လာရေးခရီးစဉ်အတွက် ရှေ့သို့တက်လှမ်းနိုင်ခဲ့သော အရေးပါသည့် ခြေလှမ်းတစ်ရပ်ဖြစ်ကြောင်း သိရှိရသည်။ (Xinhua)
———————————————–
(English Version)

(科技)美国航天局副局长祝贺天问一号成功着陆火星

新华社华盛顿5月15日电美国航天局副局长托马斯•楚比兴15日对中国天问一号探测器在火星成功着陆表示祝贺。
楚比兴在社交媒体推特上说,中国首辆火星车祝融号成功着陆,祝贺中国国家航天局天问一号团队。
楚比兴写道:“和全球科学界一起,我期待这次任务将为人类了解这颗红色星球做出重要贡献。”
美国航天局官方账号随后转发了楚比兴的推文。
俄罗斯国家航天集团公司总经理罗戈津和法国国家航天研究中心太阳系探索项目负责人弗朗西斯•罗卡尔同日也对天问一号成功着陆火星表示祝贺。
天问一号携祝融号火星车15日成功在火星乌托邦平原南部着陆,在火星上首次留下中国印迹,迈出了中国星际探测征程的重要一步。(完)