Connect with us

North America

အယ်လ်ကိုင်းဒါး ထက် အိုင်အက်စ်တို့ အန္တရာယ် ပိုပြီး စိုးရိမ်ရကြောင်း အက်ဖ်ဘီအိုင် အကြီးအကဲ မှတ်ချက်ချ

အမေရိကန် ပြည်ထောင်စု စုံစမ်း စစ်ဆေးရေး ဗျူရို (FBI) အမှတ်တံဆိပ်အားမြင်တွေ့ရစဉ်(ဆင်ဟွာ)

ဝါရှင်တန်၊ ဇူလိုင် ၂၄ ရက် (ဆင်ဟွာ)

အယ်လ်ကိုင်းဒါး အဖွဲ့ခေါင်းဆောင် အသတ် ခံခဲ့ရပြီးနောက် အယ်လ်ကိုင်းဒါး အဖွဲ့ထက် အစ်စလာမ်မစ် နိုင်ငံ (Islamic State=IS) အကြမ်းဖက် အဖွဲ့သည် အမေရိကန်နိုင်ငံ၏ လုံခြုံရေးအား ခြိမ်းခြောက်မှု ပို၍ ကြီးမားလာကြောင်း အမေရိကန် ပြည်ထောင်စု စုံစမ်း စစ်ဆေးရေး ဗျူရို (FBI) အကြီးအကဲက ကြာသပတေးနေ့တွင် ပြောကြားလိုက်သည်။

FBI ညွှန်ကြားရေးမှူး ဂျိမ်းစ် ကော်မီ (James Comey) က CNN ရုပ်သံလိုင်း နှင့်တွေ့ဆုံစဉ်တွင် အယ်လ်ကိုင်းဒါး ကိုယ်ပွား Khorasan အဖွဲ့အား လေကြောင်း တိုက်ခိုက်မှုများ လျော့နည်းသွားသော်လည်း ယခုအချိန်တွင် အမေရိကန် အနေဖြင့် အိုင်အက်စ် (IS) တို့၏ အန္တရာယ်နှင့် ပိုပြီး ကြီးကြီးမားမား ရင်ဆိုင်နေရကြောင်း ပြောဆိုခဲ့ပါသည်။

Khorasan အဖွဲ့သည် အမေရိကန်ကို ဦးတည် ပစ်မှတ်ထားပြီး လျှို့ဝှက်စွာ အကြမ်းဖက် တိုက်ခိုက်မှုများနှင့် ခြိမ်းခြောက်မှုများ ကာလရှည် လုပ်ဆောက်နေခဲ့သော အဖွဲ့ဖြစ်ပါသည်။

အိုင်အက်စ်တွေရဲ့ အန္တရာယ် ဘာကြောင့် ပိုပြီးကြီးမားလာသလဲ ဆိုရင် သူတို့ဟာ လွှမ်းမိုးမှုရှိ လာသလို လူမှုကွန်ရက် မီဒီယာများမှ တစ်ဆင့် အမေရိကန် လူမျိုးများအား စုဆောင်းလာကြပြီး အမေရိကန် အနေဖြင့် ဆီးရီးယား နှင့် အီရတ် တို့သို့ သွားရောက်သော အမေရိကန် လူမျိုးများကို ခြေရာခံလျက် ရှိကြောင်း FBI အကြီးအကဲ ကပြောသည်။

“ အိုင်အက်စ်တွေရဲ့ ခြိမ်းခြောက်မှုတွေက အယ်လ်ကိုင်းဒါးတွေနဲ့ ပုံစံရော အတိုင်းအတာပါ မတူပါဘူး။ နိုင်ငံထဲမှာ လူတွေ အားလုံးကလဲ လက်ရှိ ခြိမ်းခြောက်မှုတွေကို စိုးရိမ်နေပါတယ်” ဟု ကော်မီက ပြောပါသည်။

သူက အိုင်အက်စ်တို့ အသုံးပြုသော လျှို့ဝှက် ဆက်သွယ်ရေး လမ်ကြောင်းများအား FBI က ခြေရာခံ၍ မရနိုင်တာကို စိုးရိမ်ကြောင်း ပြောကြားခဲ့သည်။ ပြီးခဲ့သော တစ်ပတ်က Chattanooga မြို့ရှိ စစ်တပ် အဆောက်အဦး နှစ်ခုတွင် ပစ်ခတ်မှု ဖြစ်ပွားခဲ့ရခြင်း အကြောင်းအရင်းကို မသိရှိရသေးကြောင်း၊ သေနတ်ပစ်ခတ်ခဲ့သူမှာ မိုဟာမက် အဗ္ဗဒူလာဇီ ဖြစ်ကြောင်းနှင့် ပစ်ခတ်မှုကြောင့် မရိန်း တပ်သားငါးဦး နှင့် သေနတ်သမား တို့ သေဆုံးခဲ့ ကြောင်း ကော်မီက ပြောကြားခဲ့သည်။ (Xinhua)