Connect with us

North America

အမေရိကန်တပ် စစ်ဆင်ရေးတွင် အစ္စလာမ္မစ်နိုင်ငံအဖွဲ့(ISIS)ထိပ်တန်းခေါင်းဆောင် မိမိကိုယ်ကို အဆုံးစီရင်ခဲ့သည်ဟု ဘိုင်ဒန် ပြောကြား

အမေရိကန်သမ္မတ ဂျိုးဘိုင်ဒန် မိန့်ခွန်းပြောကြားနေသည်ကို ဝါရှင်တန် အိမ်ဖြူတော်တွင် ဇန်နဝါရီ ၂၇ ရက်က တွေ့ရစဉ်(ဆင်ဟွာ)

ဝါရှင်တန်၊ ဖေဖော်ဝါရီ ၄ ရက် (ဆင်ဟွာ)

အစ္စလာမ္မစ်နိုင်ငံအဖွဲ့ (ISIS) ထိပ်တန်းခေါင်းဆောင် Abu Ibrahim al-Hashimi al-Qurayshi သည် အမေရိကန်စစ်တပ်၏ ဖေဖော်ဝါရီ ၂ ရက် ညပိုင်းက ဆီးရီယားနိုင်ငံ အနောက်မြောက်ပိုင်း၌ပြုလုပ်သော စစ်ဆင်ရေးတစ်ခုတွင် မိမိကိုယ်ကိုအဆုံးစီရင်ခဲ့ကြောင်း အမေရိကန် သမ္မတ ဘိုင်ဒန်က ဖေဖော်ဝါရီ ၃ ရက်တွင် ပြောကြားခဲ့သည်။

ဖေဖော်ဝါရီ ၃ ရက် နံနက်ပိုင်းက ဘိုင်ဒန် ထုတ်ပြန်သည့် ကြေညာချက်တစ်စောင်တွင် အမေရိကန်စစ်တပ်၏ အကြမ်းဖက်တိုက်ဖျက်ရေးလှုပ်ရှားမှုနှင့် al-Qurayshi သေဆုံးသည့် သတင်းကို ကြေညာခဲ့သည်။ အိမ်ဖြူတော်ကလည်း လူမှုကွန်ရက်မီဒီယာတွင် ဖေဖော်ဝါရီ ၂ ရက် ညပိုင်းက အိမ်ဖြူတော်စစ်ရေးအခြေအနေစောင့်ကြည့်ရေးရုံး၌ ယခုအကြိမ်လှုပ်ရှားမှု မြေပြင်အခြေအနေအား ဘိုင်ဒန်နှင့် ဒုတိယသမ္မတဟဲရစ်တို့ ကြည့်ရှုနေသည့် ဓါတ်ပုံအား ဖော်ပြခဲ့သည်။

ထို့နောက်မကြာမီ ဘိုင်ဒန်က အမေရိကန် ကာကွယ်ရေးဝန်ကြီးဌာနကို အထူးတပ်ဖွဲ့စေလွှတ်ပြီး al-Qurayshi ကို ပစ်မှတ်ထားရှင်းလင်းရန် ၎င်းအနေဖြင့် အမိန့်ပေးခဲ့ကြောင်း အိမ်ဖြူတော်တွင် ပြောကြားခဲ့သည်။ အမေရိကန်စစ်တပ်၏လှုပ်ရှားမှုတွင် al-Qurayshi က ဗုံးခွဲပြီး အဆုံးစီရင်ခဲ့ရာ ထိုပေါက်ကွဲမှုကြောင့်ပင် ၎င်း၏မိသားစုလည်း သေဆုံးခဲ့ကြောင်း သိရသည်။

ယခုအကြိမ် အကြမ်းဖက်တိုက်ဖျက်ရေးလှုပ်ရှားမှုသည် အမေရိကန်ဗဟိုဌာနချုပ်၏ အထူးတပ်ဖွဲ့တစ်ဖွဲ့မှ အကောင်အထည်ဖော်ခြင်း ဖြစ်ကြောင်း အမေရိကန် ကာကွယ်ရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ John Kirby က ဖေဖော်ဝါရီ ၃ ရက် ကြေညာချက်တွင် ပြောကြားခဲ့သည်။

၂၀၁၉ ခုနှစ် အောက်တိုဘာတွင် ထိုစဉ်က အစ္စလာမ္မစ်နိုင်ငံအဖွဲ့(ISIS) ထိပ်တန်းခေါင်းဆောင် Abu Bakr al-Baghdadi သည် အမေရိကန်အထူးတပ်ဖွဲ့၏ ဆီးရီးယား အနောက်မြောက်ပိုင်း စစ်ဆင်ရေးတစ်ခုအတွင်း သေဆုံးခဲ့ပြီးနောက် al-Qurayshi သည် ISIS အဖွဲ့၏ ထိပ်တန်းခေါင်းဆောင်ဖြစ်လာခဲ့ကြောင်း သိရသည်။ (Xinhua)

……………………………………..
(Chinese Version)

(国际)拜登:“伊斯兰国”最高头目在美军袭击行动中自杀身亡
2022-02-04 04:24:21 分类: 政治法律
新华社华盛顿2月3日电(记者邓仙来)美国总统拜登3日说,极端组织“伊斯兰国”最高头目阿布•易卜拉欣•哈希米•库莱希在美军2日晚于叙利亚西北部进行的一次袭击行动中自杀身亡。
拜登3日早晨发表简短声明,宣布美军此次反恐行动和库莱希丧生的消息。白宫在社交媒体上发布的图片显示,拜登和美国副总统哈里斯2日晚在白宫战情室观看了此次行动的实况。
拜登随后在白宫发表讲话说,他命令美国国防部出动特种部队对库莱希进行“定点清除”。在美军行动过程中,库莱希引爆炸弹自杀,他的家人也被炸死。
美国国防部发言人约翰•柯比3日发表声明说,这次反恐行动由隶属于美国中央司令部的一支特种部队执行。
2019年10月,时任“伊斯兰国”最高头目阿布•贝克尔•巴格达迪在美军特种部队于叙利亚西北部进行的一次军事行动中身亡。“伊斯兰国”随后任命库莱希接任最高头目。(完)
图说1:1月27日,美国总统拜登在华盛顿白宫发表讲话。新华社/路透