Connect with us

North America

ဘိုးရင်းကုမ္ပဏီက PW4000 အင်ဂျင် မတော်တဆ မီးလောင်ပေါက်ကွဲမှုကြောင့် 777 လေယာဉ်များ ပျံသန်းခြင်းကို ယာယီဆိုင်းငံ့ထား

အမေရိကန်နိုင်ငံ ဘိုင်းရင်း 737 MAX လေယာဉ်တစ်စင်းအား ၂၀၂၀ ပြည့်နှစ် နိုဝင်ဘာ ၁၈ ရက်က ဝါရှင်တန်ဒီစီမြို့ Renton ရှိ ဘိုးရင်းစက်ရုံအနီးတွင် စမ်းသပ်ပျံသန်းရန် ပြေးလမ်းပေါ်တွင် နေရာယူနေစဉ်(ဆင်ဟွာ)

ချီကာဂို၊ဖေဖော်ဝါရီ ၂၂ ရက်(ဆင်ဟွာ)

အမေရိကန်နိုင်ငံ လေယာဉ်ထုတ်လုပ်ရေးကုမ္ပဏီကြီး ဘိုးရင်းက ၎င်းတို့၏ Boering 777 အမျိုးအစားလေယာဉ်၏ Pratt & Whitney 4000-112 အင်ဂျင်နှင့်ပတ်သက်၍ ပြည်ထောင်စု လေကြောင်းပျံသန်းမှု စီမံခန့်ခွဲရေးဌာန(FAA) က လိုအပ်သော လုပ်ထုံးလုပ်နည်း စုံစမ်းစစ်ဆေးမှု ပြုလုပ်ပြီးချိန်ထိ ယင်းလေယာဉ်ပျံသန်းပြေးဆွဲခြင်းကို ယာယီဆိုင်းငံ့ထားမည်ဖြစ်ကြောင်း ဖေဖော်ဝါရီ ၂၁ ရက်က ကြေညာချက်တစ်စောင်ထုတ်ပြန်ခဲ့သည်။

အမေရိကန်လေကြောင်းလိုင်းမှ ဘိုးရင်း 777-200 အမျိုးအစားလေယာဉ်တစ်စင်းသည် ဖေဖော်ဝါရီ ၂၀ ရက်က ကောင်းကင်ပေါ် ပျံသန်းနေစဉ် ၎င်း၏ ညာတောင်ပံတွင် တပ်ဆင်ထားသည့် အင်ဂျင်တစ်လုံး စက်ချွတ်ယွင်းသွားပြီး မီးလောင်ပေါက်ကွဲမှုဖြစ်ပွားခဲ့ရာ Denver အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ အရေးပေါ်ဆင်းသက်ခဲ့ရကြောင်း သိရသည်။ (Xinhua)

…………………………………………
(English Version)
Boeing recommends suspending operations of 777s with PW4000 engines after explosion incident

CHICAGO, Feb. 21 (Xinhua) — U.S. aircraft manufacturer Boeing said in a statement on Sunday that it recommended suspending operations of its 777 airplanes equipped with Pratt & Whitney 4000-112 engines until the Federal Aviation Administration identifies the appropriate inspection protocol.

A Boeing 777-200 flight from the United Airlines made an emergency landing at Denver International Airport on Saturday after the right engine suffered a failure and exploded mid-flight. Enditem

Photo caption – 737 MAX is towed toward the runway for a test flight near the company’s factory in Renton, Washington, USA, 18 November 2020.