North America
ကမ္ဘာ့ဝင်ငွေအများဆုံး အားကစားသမားအဖြစ် ဖက်ဒရာ ရပ်တည်
ဝါရှင်တန်၊ မေ ၃၀ ရက် (ဆင်ဟွာ)
ရော်ဂျာ ဖက်ဒရာ (Roger Federer) သည် အခွန်မပေးဆောင်မီ ဝင်ငွေ အမေရိကန်ဒေါ်လာ ၁၀၆.၃ သန်းဖြင့် Forbes ၏ ၂၀၂၀ ပြည့်နှစ် ဝင်ငွေအများဆုံး အားကစားသမားများစာရင်း ထိပ်ဆုံး၌ ရပ်တည်ခဲ့ကြောင်း သိရသည်။
ယင်းသည် ဆွစ်ဇာလန်နိုင်ငံသား တင်းနစ် အကျော်အမော်တစ်ဦးက နှစ်စဉ်စာရင်းတွင် ပထမဆုံးအကြိမ် ထိပ်ဆုံးသို့ ရောက်ရှိလာခြင်းဖြစ်သည်။ ၎င်း၏ဝင်ငွေတွင် ဆုကြေးငွေ ဒေါ်လာ ၆.၃ သန်းနှင့် ကြော်ငြာနှင့် ရုပ်သံရိုက်ကူးမှုမှ ရရှိသောဝင်ငွေ ဒေါ်လာ သန်း ၁၀၀ အပါအဝင်ဖြစ်သည်။
Forbes ၏ စာရင်းတွင် ပေါ်တူဂီ ဘောလုံးကြယ်ပွင့် ခရစ္စတီရာနို ရော်နယ်ဒိုက ဝင်ငွေ အမေရိကန်ဒေါ်လာ ၁၀၅ သန်းဖြင့် ဒုတိမြောက်နေရာတွင် ရပ်တည်နေခဲ့သည်။ ၎င်း၏နောက်တွင် အာဂျင်တီးနား ဘောလုံးကြယ်ပွင့် လီယွန်နယ် မက်ဆီက ဝင်ငွေ အမေရိကန်ဒေါ်လာ ၁၀၄ သန်းဖြင့် တတိယနေရာတွင် ရှိခဲ့ကြောင်း သိရသည်။ (Xinhua)