Connect with us

North America

ဂျီနီဗာတွင် အမေရိကန် နှင့် ရုရှား လက်နက်ထိန်းချုပ်ရေးအကြောင်း ဆွေးနွေးရန်ရှိ

ရုရှားနိုင်ငံ၏ တိုက်ချင်းပစ်ဒုံးကျည်များအားတွေ့ ရစဉ်(ဆင်ဟွာ)

ဝါရှင်တန် ၊ ဇူလိုင် ၁၆ ရက်(ဆင်ဟွာ)

ယခုရက်သတ္တကုန်ပိုင်းတွင် ဆွစ်ဇာလန်နိုင်ငံ ဂျီနီဗာမြို့၌ပြုလုပ်မည့် ရုရှားနိုင်ငံနှင့် စစ်လက်နက်ထိန်းချုပ်ရေးဆိုင်ရာဆွေးနွေးပွဲသို့ အမေရိကန်ဘက်က အဆင့်မြင့်ကိုယ်စားလှယ်အဖွဲ့တစ်ခုကို စေလွှတ်သွားမည်ဖြစ်ကြောင်း အမေရိကန်ပြည်တွင်းမီဒီယာက ဇူလိုင် ၁၅ ရက်တွင် ရေးသားဖော်ပြခဲ့သည်။

အမေရိကန်ကိုယ်စားလှယ်အဖွဲ့ကို အမေရိကန်ဒုတိယနိုင်ငံခြားရေးဝန်ကြီး John Sullivan က ဦးဆောင်မည်ဖြစ်ပြီး အဖွဲ့ဝင်များအနေဖြင့် အမျိုးသားလုံခြုံရေးကောင်စီ၊ ပင်တဂွန်စစ်ဌာနချုပ် နှင့် အခြားအေဂျင်စီများမှ အရာရှိများလိုက်ပါသွားမည်ဖြစ်ကြောင်း နယူးယောက်တိုင်းမ်သတင်းစာက ဆိုသည်။ ရုရှားနိုင်ငံကိုယ်စားလှယ်အဖွဲ့ကို ရုရှားဒုတိယနိုင်ငံခြားရေးဝန်ကြီး Sergei Ryabkov က ဦးဆောင်လိမ့်မည်ဖြစ်ကြောင်း သိရသည်။

အမေရိကန် နှင့် ရုရှား နှစ်နိုင်ငံအကြားလက်နက်ထိန်းချုပ်ရေး အစီအစဉ်သည် လိပ်ခဲတည်းလည်း အခြေအနေတွင် ရှိနေသည်။ အမေရိကန်နိုင်ငံအနေဖြင့် လာမည့် လတွင် အသက်ဝင်မည့် နျူကလီးယားထိပ်ဖူးတပ် တာလတ်ပစ်ဒုံးကျည်ဆိုင်ရာ သဘောတူညီချက်မှ နုတ်ထွက်ရန် ဆုံးဖြတ်ထားသည်။ တစ်ချိန်တည်းမှာပင် အမေရိကန်သည် ၂ဝ၂၁ ခုနှစ်တွင် သက်တမ်းကုန်ဆုံးမည့် မဟာဗျူဟာမြောက်လက်နက်များလျှော့ချရေးသဘောတူညီမှု(START) ကို ဆက်လက် သက်တမ်းတိုးရန်ဆန္ဒမရှိတော့ကြောင်း ဆိုထားသည်။(Xinhua)