Connect with us

North America

ဇန်နဝါရီ ၂၀ ရက်တွင် ပြုလုပ်မည့် ဘိုင်ဒန်၏ ရာထူးအပ်နှင်းပွဲသို့ တက်ရောက်မည်မဟုတ်ဟု ထရမ့်ပြော

ဇန်နဝါရီ ၂၀ ရက်တွင် ပြုလုပ်မည့် ဘိုင်ဒန်၏ ရာထူးအပ်နှင်းပွဲသို့ တက်ရောက်မည်မဟုတ်ကြောင်း သမ္မတ ဒေါ်နယ်ထရမ့်က ၎င်း၏တွစ်တာအကောင့်၌ ပြောကြားထားသည်ကို တွေ့ရစဉ် (ဆင်ဟွာ)

ဝါရှင်တန်၊ ဇန်နဝါရီ ၉ ရက် (ဆင်ဟွာ) ဘာသာပြန် – ခေါန်ရိန်

မကြာမီ ရာထူးမှထွက်ခွာတော့မည့် အမေရိကန်နိုင်ငံ သမ္မတ ဒေါ်နယ်ထရမ့်က ၎င်းအနေဖြင့် ဇန်နဝါရီ ၂၀ ရက်တွင် ပြုလုပ်မည့် ရွေးကောက်ခံသမ္မတ ဂျိုးဘိုင်ဒန်၏ ရာထူးအပ်နှင်းပွဲသို့ တက်ရောက်မည်မဟုတ်ကြောင်း ဇန်နဝါရီ ၈ ရက်က ပြောကြားလိုက်သည်။

“ကျွန်တော့်ကို မေးတဲ့သူတွေအားလုံးကို ပြောချင်တာကတော့ ဇန်နဝါရီ ၂၀ ရက်မှာပြုလုပ်မယ့် ရာထူးအပ်နှင်းတဲ့ပွဲကို ကျွန်တော်မတက်ပါဘူး” ဟု ထရမ့်က တွစ်တာပေါ်တွင် ရေးသားခဲ့သည်။

ယင်းဖြစ်ရပ်သည် ၁၈၆၉ ခုနှစ်က ယူလီဆီးစ် အက်စ် ဂရန့် (Ulysses S. Grant) ၏ ကျမ်းကျိန်ပွဲကို ရှောင်လွှဲခဲ့သော အင်ဒရူးဂျွန်ဆင် (Andrew Johnson) ပြီးနောက် ပထမဆုံး ဖြစ်လာမည်ဖြစ်သည်။

ဒုတိယသမ္မတ မိုက်ပန့်စ် (Mike Pence) ကလည်း ဘိုင်ဒန်၏ ရာထူးအပ်နှင်းပွဲသို့ တက်ရောက်ခြင်းနှင့်ပတ်သက်၍ ဆုံးဖြတ်နေဆဲဖြစ်ကြောင်း ပြောရေးဆိုခွင့်ရှိသူ အဆိုအရ သိရသည်။

ထရမ့်သည် ၂၀၂၀ ပြည့်နှစ် သမ္မတရွေးကောက်ပွဲတွင် ဘိုင်ဒန်အား ရှုံးနိမ့်ကြောင်း လက်ခံခဲ့ပြီးနောက် ဒီမိုကရက်အစိုးရထံ စနစ်တကျအာဏာလွှဲပြောင်းရန် ကတိပြုပြီး တစ်ရက်အကြာတွင် ယင်းသို့ ကြေညာချက် ထွက်ပေါ်လာခြင်းဖြစ်သည်။

မကြာမီ ရာထူးမှထွက်ခွာတော့မည့် ရီပက်ဘလစ်ကန် ထရမ့်သည် ဇန်နဝါရီ ၆ ရက်တွင် ဥပဒေပြုအမတ်များက ဘိုင်ဒန် အနိုင်ရရှိမှုကို တရားဝင်ဖြစ်စေရန် ဆောင်ရွက်နေကြချိန်တွင် အမေရိကန်လွှတ်တော် အဆောက်အအုံ၌ ကစဥ့်ကလျားနှင့် အကြမ်းဖက်ချိုးဖောက်မှု ဖြစ်ပွားခဲ့ပြီး အနည်းဆုံး လူငါးဦးသေဆုံးကာ အများအပြား ဒဏ်ရာရစေခဲ့သော လူများစွာပါဝင် ဆန္ဒပြမှုများအတွက် နှစ်ဖက်ပါတီများ၏ ပြစ်တင်မှုများကို ခံခဲ့ရသည်။

ထရမ့်အား ရာထူးမှမဆင်းမီ သမ္မတနေရာမှဖယ်ရှားရန် ကနဦးဆောင်ရွက်ချက်များ ပြုလုပ်ရေးအတွက် ဒီမိုကရက်များက တိုက်တွန်းလျက်ရှိကြောင်း သိရသည်။

အောက်လွှတ်တော် ဥက္ကဋ္ဌ နန်စီပီလိုစီက ၎င်းအနေဖြင့် အမေရိကန် ပူးတွဲ စစ်ဦးစီးချုပ်များဥက္ကဌ Mark Milley နှင့် မတည်ငြိမ်သည့်သမ္မတကြောင့် စစ်မက်ရန်လိုမှုမဖြစ်ပွားစေရန် ကာကွယ်ရေးအတွက် လုပ်ဆောင်နိုင်သော ကြိုတင်ကာကွယ်မှုများကို ဆွေးနွေးနေကြောင်း ၎င်း၏ လုပ်ဖော်ကိုင်ဖက်များထံ ဇန်နဝါရီ ၈ ရက်က စာရေးသားခဲ့ကြောင်း သိရသည်။

အမေရိကန် ကွန်ဂရက်သည် ဇန်နဝါရီ ၇ ရက် နံနက်ပိုင်းက ၂၀၂၀ ပြည့်နှစ် သမ္မတရွေးကောက်ပွဲတွင် ဘိုင်ဒန်က ၃၀၆ မဲ၊ ထရမ့်က ၂၃၂ မဲဖြင့် ဘိုင်ဒန်အနိုင်ရရှိကြောင်း Electoral College မဲရလဒ်ကို အတည်ပြုခဲ့သည်။

အိမ်ဖြူတော်သို့ တက်လှမ်းနိုင်ရန် အနည်းဆုံး Electoral College မဲ ၂၇၀ မဲရရှိရမည်ဖြစ်သည်။ ထို့ပြင် ဘိုင်ဒန်သည် မဲဆန္ဒရှင်များမှ မဲပေါင်း ၇ သန်းအထိရရှိခဲ့သလို ပွိုင့် ၄ ရာခိုင်နှုန်းကျော်ဖြင့် အနိုင်ရရှိခဲ့ခြင်းဖြစ်သည်။ (Xinhua)

—————————————
(English Version)
Update: Trump says not to attend Biden’s inauguration on Jan. 20
Source: Xinhua| 2021-01-09 01:47:31|Editor: huaxia
It would be the first time since 1869 when Andrew Johnson skipped the swearing in of Ulysses S. Grant.
WASHINGTON, Jan. 8 (Xinhua) — Outgoing U.S. President Donald Trump said on Friday that he will not attend President-elect Joe Biden’s inauguration on Jan. 20.
“To all of those who have asked, I will not be going to the Inauguration on January 20th,” Trump tweeted.
It would be the first time since 1869 when Andrew Johnson skipped the swearing in of Ulysses S. Grant.
Vice President Mike Pence has yet to make a decision regarding his attendance of Biden’s inauguration, according to a spokesperson.
Trump’s announcement came a day after he acknowledged a defeat in the 2020 White House race with Biden and promised an orderly transition of power to the Democrat’s administration.
The outgoing Republican has been under bipartisan criticism for a role in massive demonstrations that led to at least five deaths and dozens of injuries following a chaotic and violent breach of the U.S. Capitol on Wednesday when lawmakers met to certify Biden’s victory.
Democrats are calling for efforts to initiate proceedings to remove Trump from office before he steps down.
House Speaker Nancy Pelosi, the top congressional Democrat, wrote in a letter to her colleagues on Friday that she has discussed with Mark Milley, chairman of the U.S. Joint Chiefs of Staff, “available precautions for preventing an unstable president from initiating military hostilities.”
The U.S. Congress early Thursday morning affirmed the Electoral College votes of the 2020 presidential election, in which Biden won 306 versus 232 for Trump.
It takes at least 270 electoral votes to win the White House. Biden also won the popular votes by 7 million and more than 4 percentage points. ■
The secreengrab taken form US Prisedent Donal Trump 8