North America
တက္ကဆက်တက္ကသိုလ် ကျောင်းဝင်းအတွင်း ဓားထိုးမှုကြောင့် လူ ၁ဦးသေ၊ ၃ဦးဒဏ်ရာရရှိ

ဟူစတန်၊ မေ ၂ ရက် (ဆင်ဟွာ)
အမေရိကန်နိုင်ငံ တက္ကဆက်ပြည်နယ် မြို့တော် အော်စတန်မြို့ ရှိ တက္ကဆက်တက္ကသိုလ် ကျောင်းဝင်းအတွင်း မေ ၁ ရက် က ဓားဖြင့် တိုက်ခိုက်မှုဖြစ်ပွားခဲ့ရာ အနည်းဆုံး လူ ၁ဦးသေဆုံးခဲ့ပြီး ၃ဦးဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
အရှေ့ဘက် ကျောင်းဝင်း ရှိ Gregory အားကစားရုံ အပြင်ဘက်တွင် ဒေသစံတော်ချိန် မွန်းလွဲ ၁း၃၀နာရီ ၌ ဓားဖြင့်တိုက်ခိုက်မှုဖြစ်ပွားခဲ့ပြီး သံသယရှိသူသည် အသက် ၂၁ နှစ်အရွယ် Kendrex J. White အမည်ရှိ တက္ကသိုလ်ကျောင်းသား တစ်ဦးဖြစ်ကာ ၎င်းအား ထိန်းသိမ်းထားကြောင်း ရဲတပ်ဖွဲ့၏ပြောကြားချက်အရ သိရသည်။
White အနေဖြင့် မည်သည့်အတွက်ကြောင့် အသက် ၂၀ မှ ၂၁နှစ်ကြားရှိ လူဖြူအမျိုးသား သုံးဦး နှင့် အာရှနွယ်ဖွားအမျိုးသားတစ်ဦးအား အမဲလိုက်ဓားဖြင့် တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်းကို ရဲတပ်ဖွဲ့က စုံစမ်းဖော်ထုတ်နေဆဲဖြစ်ကြောင်း သိရသည်။
တက္ကသိုလ်ဥက္ကဋ္ဌ Greg Fenves က ဓားထိုးမှုနှင့်ပတ်သက်ပြီး တက္ကသိုလ်က တက်ကြွစွာ ပါဝင် စုံစမ်းသွားမည်ဖြစ်ပြီး မေ ၁ရက် နေ့နောက်ပိုင်း အတန်းအားလုံး နှင့် အခြားလှုပ်ရှားမှုများကို ပယ်ဖျက်ခဲ့ကြောင်း ပြောကြားခဲ့သည်။ (Xinhua)