North America
တရုတ်နိုင်ငံနှင့် အမေရိကန်နိုင်ငံ ကုန်သွယ်ရေးဆွေးနွေးမှုသစ် ဝါရှင်တန်တွင် ပြုလုပ်

ဝါရှင်တန်၊ အောက်တိုဘာ ၁၁ ရက် (ဆင်ဟွာ)
တရုတ်နိုင်ငံနှင့် အမေရိကန်နိုင်ငံတို့သည် ထင်ရှားသော စီးပွားရေးနှင့် ကုန်သွယ်ရေးကိစ္စရပ်အမျိုးမျိုး ဆွေးနွေးရန် အဆင့်မြင့်ဆွေးနွေးပွဲအသစ်အား အောက်တိုဘာ ၁၀ ရက်က စတင်ကျင်းပခဲ့ကြောင်း သိရသည်။
တရုတ်ကိုယ်စားလှယ်အဖွဲ့အား တရုတ် ဝန်ကြီးချုပ်၊ တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ နိုင်ငံရေးဗျူရို အဖွဲ့ဝင်နှင့် တရုတ်-အမေရိကန် ဘက်စုံစီးပွားရေး ဆွေးနွေးမှုဆိုင်ရာ တရုတ်နိုင်ငံ အကြီးအကဲ လျူဟဲက ဦးဆောင်ပြီး အမေရိကန်အဖွဲ့ကိုမူ အမေရိကန် ကုန်သွယ်ရေး ကိုယ်စားလှယ် ရောဘတ် လိုက်သီဇာ (Robert Lighthizer) နှင့် ဘဏ္ဍာရေးဝန်ကြီး စတီဗင် မြူချင် (Steven Mnuchin) တို့က ဦးဆောင်ခဲ့ကြောင်း သိရသည်။
ယခု ပြုလုပ်သည့် စီးပွားရေးနှင့် ကုန်သွယ်ရေး ဆွေးနွေးမှုအသစ်အား အောက်တိုဘာ ၁၀ ရက်မှ ၁၁ ရက်အထိ ပြုလုပ်မည်ဖြစ်ကြောင်း သိရသည်။ (Xinhua)