Connect with us

North America

ဘိန်းဘုရင် “ El Chapo” ဂုဇ်မန်း၏ ပိုင်ဆိုင်မှုနှင့်ပတ်သက်၍ မက္ကဆီကို နှင့် အမေရိကန် ပူးတွဲစစ်ဆေးမည်

တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်အား တွေ့ရစဉ် (ဆင်ဟွာ)

မက္ကဆီကို၊အောက်တိုဘာ ၁၁ရက်(ဆင်ဟွာ)

မက္ကဆီကိုနိုင်ငံသမ္မတ Andres Manuel Lopez က၎င်းအစိုးရအဖွဲ့အနေဖြင့် ဘိန်းဘုရင် “ El Chapo” ဂုဇ်မန်း၏ ပိုင်ဆိုင်မှုနှင့်ပတ်သက်၍ စုံစမ်းစစ်ဆေးမှုပြုလုပ်ရာတွင် အမေရိကန်နိုင်ငံနှင့်အတူ ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း အောက်တိုဘာ ၉ ရက်တွင် ထုတ်ဖော်ပြောကြားလိုက်သည်၊၊

“ ကျွန်တော်တို့ပြောဆိုဆွေးနွေးပြီးပါပြီ။ အဲဒီကိစ္စနဲ့ပတ်သက်ပြီး အမေရိကန်အစိုးရ တာဝန်ရှိသူတွေနဲ့ချိတ်ဆက်ဆောင်ရွက်မှုတွေလုပ်ဆောင်ခဲ့ပါတယ်” ဟု နေ့စဉ်ပုံမှန်သတင်းစာရှင်းလင်းပွဲတွင် ၎င်းကပြောကြားခဲ့ခြင်းဖြစ်သည်။

“ အဲဒီပိုင်ဆိုင်မှုတွေပြန်ရဖို့ကျွန်တော်တို့ဆောင်ရွက်နေပါတယ်။ သိမ်းဆည်းရမိထားတဲ့ငွေအားလုံးပေါ့။ နိုင်ငံရပ်ခြားတိုင်းပြည်ကို ရောက်နေတဲ့ငွေတွေကို မက္ကဆီကိုနိုင်ငံထဲပြန်ရောက်အောင် လုပ်ဆောင်သွားမှာပါ” ဟု သမ္မတက ဆိုသည်။

ဂုဇ်မန်းအနေဖြင့် မူးယစ်ဆေးဝါးတရားမဝင်ရောင်းဝယ်ဖောက်ကားမှုမှတစ်ဆင့် အမေရိကန်ဒေါ်လာ ၁၂.၆ ဘီလီယံကျော် ပိုင်ဆိုင်ထားကြောင်း အမေရိကန်အစိုးရက ဆိုသည်။

Sinaloa Cartel ဟုအမည်ရသော ကမာ္ဘ့အကြီးဆုံးဘိန်းမှောင်ခို အဖွဲ့ခေါင်း ဆောင်ဟောင်း ဂုဇ်မန်းအား မူးယစ်ဆေးမှောင်ခိုမှု ၊ လူသတ်ရန်ပူးပေါင်းကြံစည်မှု နှင့် ရာဇဝတ်မှုမျိုးစုံ ကျူးလွန်မှုများအတွက် ယခုနှစ်ဇူလိုင်လတွင် အမေရိကန်နိုင်ငံတရားရုံးတစ်ခုက ထောင်ဒဏ်တစ်သက်ချမှတ်ခဲ့သည်။

ဂုဇ်မန်းသည် ၂၀၁၆ ခုနှစ်က နောက်ဆုံးအကြိမ် ပြန်လည်အဖမ်းမခံရမီအချိန်ထိ မက္ကဆီကိုနိုင်ငံတွင် ၂ ကြိမ်တိုင် ထောင်ဖောက် ထွက်ပြေးလွတ်မြောက်ခဲ့ဖူးသူဖြစ်ကြောင်း နှင့် ၂၀၁၇ ခုနှစ်တွင် အမေရိကန်နိုင်ငံသို့ တရားခံလွှဲပြောင်းရေးအစီအစဉ်ဖြင့် လွှဲပြောင်းခံရသူကြောင်း သိရသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.