North America
နယူးယောက်စီးတီး အထိမ်းအမှတ် ခရစ္စလာ အဆောက်အဦ ရောင်းချမည်

နယူးယောက်၊ ဇန်နဝါရီ ၁၀ ရက် (ဆင်ဟွာ)
အမေရိကန်နိုင်ငံ နယူးယောက်စီးတီးရှိ အထင်ကရ မိုးမျှော်အဆောက်အအုံတစ်ခုဖြစ်သော မြို့လယ် မန်ဟတ်တန်ရပ်ကွက်ရှိ နှစ်ပေါင်း ၉၀ နီးပါး သက်တမ်းရှိသော ခရစ္စလာအဆောက်အဦ (Chrysler Building) အား ဈေးကွက်တင်ရောင်းချတော့မည်ဖြစ်ကြောင်း ဒေသခံမီဒီယာက ဇန်နဝါရီလ ၁၀ ရက်တွင် သတင်းဖော်ပြခဲ့သည်။
အဆိုပါ အဆောက်အဦ၏ ပိုင်ရှင်များဖြစ်သော အာရပ်စော်ဘွားများပြည်ထောင်စု အစိုးရရန်ပုံငွေနှင့် နယူးယောက် အိမ်ခြံမြေလုပ်ငန်းတစ်ခုဖြစ်သော Tishman Speyer တို့က အဆောက်အဦကို ရောင်းချရန် ထိပ်တန်း အိမ်ခြံမြေပွဲစားဖြစ်သော CBRE Group အား ငှားရမ်းထားကြောင်း Wall Street ဂျာနယ်အရ သိရသည်။
အဘူဒါဘီ ရင်းနှီးမြှုပ်နှံမှုကောင်စီက အိမ်ခြံမြေဈေးကွက် ယိုင်နဲ့ခဲ့သော ငွေကြေးအကျပ်အတည်းမတိုင်မီ ၂၀၀၈ ခုနှစ်တွင် ၇၇ ထပ်ရှိသော ရုံးအဆောက်အဦအား ၉၀ ရာခိုင်နှုန်း ပိုင်ဆိုင်ခွင့်အတွက် အမေရိကန်ဒေါ်လာ သန်း ၈၀၀ ပေးခဲ့ကြောင်း သိရသည်။
ယင်း အဆောက်အဦ၏ တန်ဖိုးမှာ ခန့်မှန်းခြေအားဖြင့် ကွာခြားသွားပြီဖြစ်သော်လည်း မူလပိုင်ရှင် အာရပ်စော်ဘွားများပြည်ထောင်စုကသာ လွန်ခဲ့သည့် ၁၀ နှစ်အကြာက ပေးခဲ့ရသောတန်ဖိုးဖြင့် ပြန်လည်ရရှိနိုင်ကြောင်း အိမ်ခြံမြေ ရင်းနှီးမြှုပ်နှံသူအချို့က ယုံကြည်ထားကြသည်။
အနုစိတ်ပြင်ဆင်ထားသော ရှေးဟောင်းပုံစံခေါင်ချွန်ချွန်နှင့် မြို့၏အနားသတ်မျဉ်း မရှိမဖြစ် အစိတ်အပိုင်းတစ်ခုကြောင့် ယင်း အဆောက်အဦမှာ တည်ဆောက်မှုပြီးစီးခဲ့သည့် ၁၉၃၀ ခုနှစ်က ကမ္ဘာ့အမြင့်ဆုံး ဖြစ်ခဲ့ပြီး နောက်ထပ်တစ်နှစ်အကြာတွင် Empire State အဆောက်အအုံက ကျော်တက်သွားခဲ့သည်။
အဆိုပါ အဆောက်အဦအား ခရစ္စလာမော်တော်ယာဉ်လုပ်ငန်း တည်ထောင်သူ ဝေါလ်တာခရစ္စလာ (Walter Chrysler) ၏ အမည်ပေးခဲ့ပြီး ၁၉၅၃ ခုနှစ်အထိ ကုမ္ပဏီရုံးချုပ်အဖြစ် အသုံးပြုခဲ့သည်။