Connect with us

North America

အမေရိကန်က ဆီးရီးယားမှ စစ်လက်နက်ကိရိယာများကို စတင်ပြောင်းရွှေ့

ဆီးရီးယားနိုင်ငံ ရှိ အမေရိကန်စစ်ကားတစ်စီးအားတွေ့ရစဉ် (ဓါတ်ပုံ-အင်တာနက်)

ဝါရှင်တန်၊ ဇန်ဝါရီ ၁၁ ရက် (ဆင်ဟွာ)

ဆီးရီးယားနိုင်ငံမှ အချို့သော အမေရိကန်စစ်တပ်၏ မြေပြင်သုံး စက်ကိရိယာများကို စတင်ပြောင်းရွှေ့နေပြီဖြစ်ကြောင်း အမေရိကန်သတင်းတစ်ခုက ဇန်နဝါရီ ၁၀ရက်တွင်ဖော်ပြခဲ့သည်။

အဆိုပါ ပြောင်းရွှေ့မှုနှင့် သက်ဆိုင်သည့် စီမံခန့်ခွဲရေးတာဝန်ရှိသူတစ်ဦး၏ ပြောကြားချက်ကို ကိုးကား၍ CNN သတင်းဌာနက အဆိုသော ပစ္စည်းများကို ရွှေ့ပြောင်းပြီးဖြစ်ကြောင်းဖော်ပြခဲ့သည်။ယင်းတာဝန်ရှိသူသည် မည်သည့်ပစ္စည်းများဖြစ်ကြောင်း နှင့် ၎င်းတို့ကို လေယာဉ် (သို့) မြေပြင်သုံးယာဉ်များဖြင့် မည်ကဲ့သို့ သယ်ဆောင်ခြင်းဖြစ်သည် ဟူသော အချက်အလက်အသေးစိတ်ကိုမူ ထုတ်ဖော်ပြောကြားခဲ့ခြင်းမရှိကြောင်း သိရသည်။

မကြာသေးမီကပြုလုပ်ခဲ့သော စစ်ပစ္စည်းများ ဖယ်ရှားပြောင်းရွှေ့မှုသည် ဆီးရီးယားမှ အမေရိကန်တပ်ဖွဲ့များ ဆုတ်ခွာသည့် အစီအစဉ်တိုးတက်မှုရှိကြောင်းကို သမ္မတဒေါ်နယ်ထရမ့်ထံ ပင်တဂွန်စစ်ဌာနချုပ်က ပြသလိုက်ခြင်းဖြစ်ကြောင်း သိရသည်။ယခုရက်သတ္တပတ်အစောပိုင်းတွင် ထရမ့်က ဆီးရီးယားနိုင်ငံမှ အမေရိကန်စစ်တပ်များ ဆုတ်ခွာမှုကို သင့်လျော်သည့် အမြန်နှုန်းဖြင့် ဆောင်ရွက်သွားမည်ဖြစ်ပြီး တစ်ချိန်တည်းမှာပင် IS စစ်သွေးကြွများကို ဆက်လက်တိုက်ခိုက်သွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။လက်ရှိ၌ ဆီးရီးယားနိုင်ငံတွင် အမေရိကန်တပ်ဖွဲ့ဝင် ၂,၀၀၀ ခန့်ဖြန့်ကျက်ထားကြောင်း သိရသည်။

အိမ်ဖြူတော် က IS စစ်သွေးကြွများကို ဆီးရီးယား၌ အောင်မြင်စွာ တိုက်ထုတ်နိုင်ပြီးနောက် ဆီးရီးယားမှ အမေရိကန်တပ်ဖွဲ့ဝင်များ ပြန်လည်ဆုတ်ခွာတော့မည်ဖြစ်ကြောင်း ဒီဇင်ဘာ ၁၉ ရက်ကပြောကြားခဲ့သည်။ယင်းသို့ အမေရိကန်တပ်များ ဆုတ်ခွာမှုနှင့် ပတ်သက်၍ ထရမ့်နှင့် အချေအတင်ဖြစ်ခဲ့သော အမေရိကန်နိုင်ငံ ကာကွယ်ရေးဝန်ကြီး ဂျိမ်းမက်စ် (James Mattis) သည် ရာထူးမှ မနှုတ်ထွက်ခင် ဆုတ်ခွာမှုအမိန့်အား လက်မှတ်ရေးထိုးခဲ့ကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.


Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117