Connect with us

North America

ဖလော်ရီဒါပြည်နယ် ရီပက်ဘလစ်ကန် ပါတီအတွင်း ရွေးကောက်ပွဲ ဒေါ်နယ်ထရမ့် အောင်ပွဲခံ

ရီပက်ဘလစ်ကန် ပါတီမှ ဝင်ရောက်ယှဉ်ပြိုင်သည့် ဘီလီယံနာ သူဋ္ဌေးကြီး ဒေါ်နယ်ထရမ့် (ဆင်ဟွာ)

မီယာမီ၊ အမေရိကန်၊ မတ် ၁၆ ရက် (ဆင်ဟွာ)

အမေရိကန်နိုင်ငံ ဖလော်ရီဒါ ပြည်နယ်တွင် ပြုလုပ်သည့် ရီပက်ဘလစ်ကန် ပါတီအတွင်း ရွေးကောက်ပွဲ (Primary) တွင် နယူးယောက် ဘီလီယံနာ သူဋ္ဌေးကြီး ဒေါ်နယ်ထရမ့်က အရေးပါသော အောင်ပွဲတစ်ခု ရရှိပြီးသည့်နောက် ၂၀၁၆ ခုနှစ် ရီပက်ဘလစ်ကန် ကိုယ်စားပြု သမ္မတလောင်း အဖြစ် အမည်စာရင်း တင်သွင်းခံရနိုင်ရန် သေချာသလောက်ရှိ ကြောင်း ဒေသခံ မီဒီယာများက ခန့်မှန်းချက်များအရ သိရသည်။

ဖလော်ရီဒါပြည်နယ်၌ ဒေါ်နယ်ထရမ့်က မဲ ၉၉ ရာခိုင်နှုန်း သိမ်းပိုက်ပြီး အနိုင်ရရှိခဲ့ကြောင်း သိရသည်။

ထိုပြည်နယ်တွင် ဒေါ်နယ်ထရမ့်ကို ရှုံနိမ့်ခဲ့ပြီးနောက် အထက်လွှတ်တော်အမတ် မာကို ရူဘီယိုက ရီပက်ဘလစ်ကန် ကိုယ်စားပြု သမ္မတလောင်း ရွေးချယ်ပွဲမှ နှုတ်ထွက်ကြောင်း တရားဝင် ကြေညာခဲ့သည်။

ဒေါ်နယ်ထရမ့်သည် အိုဟိုင်အိုး၊ မစ်ဇိုရီ၊ မြောက်ကယ်ရိုလိုင်းနားနှင့် အီလီနွိုက် ပြည်နယ်များ၌ အနိုင်ရရှိမည်ဟု ရည်မှန်းထားခဲ့ပြီး အစောပိုင်း ရလဒ်များအရ အိုဟိုင်းအိုးပြည်နယ် အုပ်ချုပ်ရေးမှူး ဂျွန်ကဆစ်က ဦးဆောင်နေခဲ့ သော်လည်း နောက်ပိုင်းတွင် ကိုယ်စားလှယ် ၆၆ မဲ ရရှိကာ ထရမ့်က အနိုင်ရရှိခဲ့သည်။ ၎င်းရလဒ်များအရ ပါတီ အတွင်း ကိုယ်စားပြု သမ္မတလောင်းအဖြစ် အမည်စာရင်း တင်သွင်းခံရန် အတွက် အထောက်အကူ ဖြစ်စေမည် ဖြစ်သည်။

တစ်ချိန်တည်းမှာပင် ဒီမိုကရက်တစ် ပါတီဘက်တွင်လည်း နိုင်ငံခြားရေးဝန်ကြီးဟောင်း ဟီလာရီ ကလင်တန် က ဖလော်ရီဒါနှင့် မြောက်ကယ်ရိုလိုင်းနား ပြည်နယ်များတွင် ၎င်း၏ ပါတီတွင်း ပြိုင်ဘက် ဗားမောင့် အထက် လွှတ်တော်အမတ် ဘာနီး ဆန်ဒါးစ်အား အနိုင်ရရှိထားကြောင်း သိရသည်။

၂၀၁၆ ခုနှစ်အတွက် အမေရိကန် သမ္မတနေရာအတွက် ဝင်ရောက် ယှဉ်ပြိုင်ရန် ပါတီကိုယ်စားပြု သမ္မတ လောင်း ရွေးချယ်ပွဲအား အမေရိကန်နိုင်ငံရှိ ဖလော်ရီဒါ၊ အိုဟိုင်အိုး၊ မစ်ဇိုရီ၊ မြောက်ကယ်ရိုလိုင်းနားနှင့် အီလီ နွိုက် စသည့် ပြည်နယ် ငါးခုတွင် မတ်လ ၁၅ ရက်က ကျင်းပနေခြင်း ဖြစ်သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.