Connect with us

North America

ပေကျင်း- လော့စ်အိန်ဂျယ်လစ်အကြား တိုက်ရိုက် လေကြောင်းလိုင်း ဒီဇင်ဘာလတွင် ပျံသန်းနိုင်ရန် Delta စီစဉ်

Delta လေကြောင်းလိုင်းမှ လေယာဉ်တစ်စင်းအား တွေ့ရစဉ် (ဓာတ်ပုံ- အင်တာနက်)

လော့စ်အိန်ဂျလစ်၊ မတ် ၁၅ ရက် (ဆင်ဟွာ)

အမေရိကန်နှင့် တရုတ် နှစ်နိုင်ငံစလုံး၏ ခွင့်ပြုချက်ရရှိပါက လော့စ်အိန်ဂျလစ်နှင့် ပေကျင်း အကြား နားရက်မရှိ နေ့စဉ် တိုက်ရိုက် ပျံသန်းမည့် အစီအစဉ်တစ်ခုအား Delta လေကြောင်းလိုင်းက မတ်လ ၁၄ ရက် ကြေညာလိုက် သည်။

ပေကျင်း- အယ်လ်အေ (LA) ဝန်ဆောင်မှုသည် တိုကျို (နာရီတာ)၊ တိုကျို (ဟန်နီဒါ)၊ ရှန်ဟိုင်းနှင့် ဆစ်ဒနီ ခရီး စဉ်များအပြင် Delta ၏ ငါးခုမြောက် တိုက်ရိုက်လေကြောင်း ပျံသန်းမှု ဖြစ်ပြီး ဒီဇင်ဘာလ ၁၆ ရက်တွင် စတင် ရန် စီစဉ်ထားသည်။

ဘိုးရင်း 777-200ERs လေယာဉ်ဖြင့် ပြေးဆွဲမည် ဖြစ်ပြီး ထိုင်ခုံ ၂၉၁ လုံးပါဝင်ပါမည်။

“လော့စ်အိန်ဂျလစ်မြို့ဟာ အာရှမှာ အကြီးဆုံး ဈေးကွက် ဖြစ်ပြီး အမေရိကန်- အာရှ ဈေးကွက် လိုအပ်ချက်အား လုံးရဲ့ ၂၁ ရာခိုင်နှုန်းရှိပါတယ်” ဟု အဆိုပါ လေကြောင်းလိုင်း၏ သတင်းထုတ်ပြန်ချက်၌ ဖော်ပြထားသည်။

ယခု ပြေးဆွဲမည့် လေကြောင်းလိုင်းသည် တရုတ်နိုင်ငံရှိ ချန်ဒူ၊ စိန်ရန်၊ ချင်းသောင်၊ ရှီအန်းနှင့် ဟန်ကျိုးမြို့များ အပါအဝင် မြို့ပေါင်း ၃၉ မြို့ကျော်နှင့် ချိတ်ဆက် ပျံသန်းမည် ဖြစ်သလို Denver, Portland, SanDiego, Phoenix နှင့် လာ့စ် ဗီးဂတ်စ် အပါအဝင် အမေရိကန်၊ ကနေဒါနှင့် လက်တင် အမေရိကရှိ ဈေးကွက် ၃၅ ခုသို့ ချိတ်ဆက် ပျံသန်းမည် ဖြစ်သည်။ (Xinhua)