North America
ဖလော်ရီဒါပြည်နယ်ရှိ ဒစ္စနေးဝေါလ်တွင် မီးလောင်နေသော ယာဉ်အတွင်း လူသေအလောင်းတစ်လောင်း တွေ့ရှိ

ဝါရှင်တန်၊ သြဂုတ် ၁၉ ရက် (ဆင်ဟွာ)
အမေရိကန်နိုင်ငံ ဖလော်ရီဒါပြည်နယ်တွင် သြဂုတ်လ ၁၈ ရက် အစောပိုင်းက Disney Fantasia Gardens ရှိ အသေးစား ဂေါက်ကွင်းလမ်းကြောင်းအနီးတွင် မီးလောင်နေသော ယာဉ်အတွင်း လူသေအလောင်းတစ်လောင်း တွေ့ရှိခဲ့ကြောင်း ဒေသခံသတင်းများအရ သိရသည်။
အဆိုပါ ယာဉ်မီးလောင်ကျွမ်းမှုအား ကူညီငြှိမ်းသတ်ပေးရန် Reedy Creek မီးသတ်ဌာနထံ ဒေသစံတော်ချိန် နံနက် ၄ း ၁၁ နာရီခန့်က ဖုန်းဆက်ခဲ့သည်ဟု သတင်းများကဆိုသည်။
မီးငြှိမ်းသတ်ပြီးနောက် ယာဉ်အတွင်း၌ လူသေအလောင်းအား တွေ့ရှိခဲ့ခြင်း ဖြစ်သည်။
ယင်းဖြစ်ရပ်နှင့်ပတ်သက်၍ အခြား အချက်အလက်များ မသိရှိရသေးပေ။ (Xinhua)