North America
မက္ကဆီကိုတွင် ရဟတ်ယာဉ်ပျက်ကျ၊ ရဟတ်ယာဉ်ပေါ်ပါသူ အဆင့်မြင့်အရာရှိများ အသက်ရှင်

မက္ကဆီကိုစီးတီး၊ ဖေဖော်ဝါရီ ၁၇ ရက် (ဆင်ဟွာ)
မက္ကဆီကိုနိုင်ငံ ပြည်ထဲရေးဝန်ကြီးနှင့် Oaxaca ပြည်နယ် အုပ်ချုပ်ရေးမှူးတို့ လိုက်ပါလာသော ရဟတ်ယာဉ်သည် ဖေဖော်ဝါရီလ ၁၆ ရက်က ပျက်ကျခဲ့ပြီး အနည်းဆုံး မြေပြင်ပေါ်ရှိ လူ နှစ်ဦး သေဆုံးခဲ့ကြောင်း ရဟတ်ယာဉ်ပေါ်၌သို့ လိုက်ပါသွားသော အရာရှိများ ပြောကြားချက်အရ သိရသည်။
ဖေဖော်ဝါရီလ ၁၆ ရက် ညပိုင်းက အဆိုပါ ရဟတ်ယာဉ်သည် ဖေဖော်ဝါရီလ ၁၆ ရက် မွန်းလွဲပိုင်းက ၇.၁ မဂ္ဂနီကျုရှိသော အင်အားပြင်း ငလျင်လှုပ်ခတ်ရာ ဗဟိုချက်ဖြစ်သော Oaxaca ပြည်နယ်မှ တောင်ဘက် ၁၁ ကီလိုမီတာအကွာရှိ Pinotepa Nacional ကမ်းရိုးတန်းမြို့သို့ ဆင်းသက်စဉ် ပျက်ကျခဲ့ခြင်း ဖြစ်သည်။
ရဟတ်ယာဉ်မှူးများက ရဟတ်ယာဉ်ကို မထိန်းချုပ်နိုင်တော့သဖြင့် ပျက်ကျရခြင်းဖြစ်ကြောင်း ရဟတ်ယာဉ် ပျက်ကျရာတွင် Oaxaca ပြည်နယ် အုပ်ချုပ်ရေးမှူးနှင့်အတူ အသက်ရှင်ကျန်ရစ်ခဲ့သည့် ပြည်ထဲရေးဝန်ကြီး Alfonso Navarrete က ဒေသခံ သတင်းထောက်များအား ပြောကြားခဲ့သည်။အဆိုပါ ဝန်ကြီးနှင့် အုပ်ချုပ်ရေးမှူးသည် ၇.၁ ရှိသော ငလျင် လှုပ်ခတ်ခဲ့သည့် Oaxaca ပြည်နယ် တောင်ပိုင်းနှင့် အလယ်ပိုင်းဒေသများဖြစ်သော Chiapas ၊ Puebla ၊ Michoacan နှင့် မက္ကဆီကိုစီးတီးမြို့များသို့ လေ့လာရန် သွာရောက်ကြခြင်း ဖြစ်ကြောင်း သိရသည်။ (Xinhua)