Connect with us

North America

မက္ကဆီကို နိုင်ငံ တောင်ပိုင်း ဒေသတွင် ရစ်တာစကေး ၆.၀ အဆင့်ရှိ ငလျင် လှုပ်ခတ်

၂၀၁၇ ခုနှစ် စက်တင်ဘာလတွင် မက္ကဆီနိုင်ငံ တွင် ဖြစ်ပွား ခဲ့သည့် ငလျင်ကြောင့် ပျက်ဆီးမှုများအား မြင်တွေ့ရစဉ်(ဆင်ဟွာ)

မက္ကဆီကိုစီးတီး ၊ ဖေဖော်ဝါရီ ၁၉ ရက် (ဆင်ဟွာ)

မက္ကဆီကို နိုင်ငံတောင်ပိုင်း Oaxaca ပြည်နယ် တွင် ဖေဖော်ဝါရီ ၁၉ ရက်နေ့၌ ရစ်တာစကေး ၆.၀ အဆင့်ရှိ ငလျင် လှုပ်ခတ် ခဲ့ပြီး မြို့တော် မက္ကဆီကိုစီးတီး တွင် ငလျင် သတိပေးချက်များ ထွက်ပေါ်ခဲ့သော်လည်း လှုပ်ရှားမှု သိသာစွာ မခံစားခဲ့ရကြောင်း မက္ကဆီကို အမျိုးသား ငလျင် ဌာန က ထုတ်ပြန်ကြေညာခဲ့သည်။

ယခု ဖြစ်ပွား ခဲ့သည့် ငလျင် သည် ဖေဖော်ဝါရီ ၁၉ ရက်နေ့ ဒေသစံတော်ချိန် နံနက် ၀ နာရီ ၅၆ မိနစ်တွင် လှုပ်ခတ် ခဲ့ခြင်းဖြစ်ပြီး Oaxaca ပြည်နယ် Pinotepa Nacional မြို့ အရှေ့တောင်ပိုင်း ၃၂ ကီလိုမီတာ အကွာအဝေး တွင် မြေအောက်အနက် ၁၀ ကီလိုမီတာ ကို ဗဟိုပြုလှုပ်ခတ်ခဲ့ခြင်း ဖြစ်ကြောင်း သိရှိရသည်။

မက္ကဆီကို နိုင်ငံ ပြည်ထဲရေး ဝန်ကြီးဌာန လက်အောက်ရှိ အမျိုးသား ကာကွယ်စောင့်ရှောက်ရေး အဖွဲ့အစည်း တာဝန်ခံ က ငလျင်ဖြစ်ပွား စဉ် ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များကို စတင်ပြင်ဆင်နေပြီး ဖြစ်ကာ လက်ရှိချိန်တွင် ငလျင် လှုပ်ခတ်မှုကြောင့် သေဆုံးဒဏ်ရာရရှိမှု နှင့် ပျက်ဆီးဆုံးရှုံးမှု စာရင်း မရရှိသေးကြောင်း ပြောကြားခဲ့သည်။

ဖေဖော်ဝါရီ ၁၆ ရက်နေ့ တွင်လည်း Pinotepa Nacional မြို့ တောင်ပိုင်း ၁၁ ကီလိုမီတာ အကွာအဝေးရှိ ပင်လယ်ပြင်တွင် ပြင်းအား ၇.၂ အဆင့်ရှိ ငလျင် တစ်ခု လှုပ်ခတ်ခဲ့ကြောင်း သိရှိရသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.