Connect with us

North America

အမေရိကန်-မက္ကဆီကိုနယ်စပ်တွင် နှစ်ပေါင်း(၂၀)ကြာကာလ တရားမဝင်ရွှေ့ပြောင်းနေထိုင်သူအများဆုံးအခြေအနေနှင့်ကြုံတွေ့ရ

အမေရိကန်-မက္ကဆီကိုနယ်စပ်တွင် နှစ်ပေါင်း(၂၀)ကြာကာလ တရားမဝင်ရွှေ့ပြောင်းနေထိုင်သူအများဆုံးအခြေအနေနှင့်ကြုံတွေ့ရ

ဝါရှင်တန်၊ မတ် ၁၇ ရက်(ဆင်ဟွာ)

အမေရိကန်နှင့်မက္ကဆီကိုနယ်စပ် တရားမဝင်ရွှေ့ပြောင်းနေထိုင်သူ လူဦးရေသည် နှစ်ပေါင်း(၂၀)ကြာကာလတွင် အများဆုံးဖြစ်ခဲ့ကြောင်း၊ အမေရိကန်အနေဖြင့် တရားမဝင်ရွှေ့ပြောင်းနေထိုင်ကြသည့် အရွယ်ရောက်ပြီးသော တစ်ကိုယ်ရေသမားများနှင့်မိသားစုအများစုကို နယ်နှင်ခဲ့သော်လည်း အဖော်မရှိသည့်ကလေးငယ်များကို နယ်နှင်မှုများလုပ်ဆောင်မည်မဟုတ်ကြောင်း အမေရိကန် အမိမြေလုံခြုံရေးဝန်ကြီး Alejandro Mayorkas၏ မတ် ၁၆ ရက် ကြေညာချက်တွင် ဖော်ပြထားသည်။

တရားမဝင်ရွှေ့ပြောင်းနေထိုင်သူကလေးငယ်စောင့်ရှောက်ရေးဂေဟာအသစ် ဆောက်လုပ်လျက်ရှိကြောင်း၊ အမေရိကန်မှ နယ်နှင်သည့် တရားမဝင်ရွှေ့ပြောင်းနေထိုင်သူ များကို ကူညီလက်ခံဖို့ မက္ကဆီကိုနှင့်ပူးပေါင်းဆောင်ရွက်လျက်ရာ ခိုလုံခွင့်လျှောက်ထားသူများအတွက် အစီအစဉ်ရေးဆွဲနေကြောင်း Mayorkasက ဆိုသည်။ ဘိုင်ဒန်အစိုးရ၏ ရည်ရွက်သည် လုံခြုံရေး၊ တရားဝင်မှု၊စနစ်တကျရှိသည့် ရွှေ့ပြောင်းနေထိုင်သူစနစ် တည်ဆောက်ရန်ဖြစ်ရာ နယ်စပ်လုံခြုံရေးကို အာမခံရမည်ဖြစ်သလို တရားမဝင် ရွှေ့ပြောင်းနေထိုင်သူကလေးငယ်များ၏အခက်အခဲကို မိသားစုနှင့်ပြန်စုံနိုင်ရန် ဥပဒေအရ ဖြေရှင်းပေးရမည်ဖြစ်ကြောင်း ၎င်းက ဆိုသည်။

အမေရိကန်နိုင်ငံ တက္ကဆပ်ပြည်နယ်တွင် Rio Grandeမြစ်မှတစ်ဆင့် အမေရိကန်-မက္ကဆီကိုနယ်စပ်သို့ ဖြတ်ကျော်လာသည့် ဟွန်ဒူးရပ်စ်နိုင်ငံ ရွှေ့ပြောင်းနေထိုင်သူများ ကားစီးရန် စောင့်စားနေသည်ကို မတ် ၁၀ ရက်က တွေ့ရစဉ်(ဆင်ဟွာ)

 
အမေရိကန် အကောက်အခွန်နှင့်နယ်စပ်ကာကွယ်ရေးဌာန(CBP)၏ ကိန်းဂဏန်းများအရ ယခုနှစ် ဖေဖော်ဝါရီတွင် အမေရိကန်ဥပဒေစိုးမိုးရေးအဖွဲ့ဝင်များက အမေရိကန်-မက္ကဆီကိုနယ်စပ်တွင် ဖမ်းဆီးထိန်းသိမ်းထားသော သို့မဟုတ် နယ်နှင်ထားသော တရားမဝင်ရွှေ့ပြောင်းနေထိုင်သူ (၁)သိန်းကျော် ရှိပြီဖြစ်ရာ ၎င်းမှာ ၂၀၁၉ ခုနှစ်မှစ၍ တစ်လအတွင်း အများဆုံး ဖြစ်ခဲ့သည်။ လက်ရှိ အမေရိကန်-မက္ကဆီကို နယ်စပ်တွင် ထိန်းသိမ်းခံထားရသည့် တရားမဝင်ရွှေ့ပြောင်းနေထိုင်သူကလေးငယ်(၄,၂၀၀)ကျော် ရှိပြီး ၎င်းတို့အနက် (၃,၀၀၀)နီးပါးကို ထိန်းသိမ်းထားသည့်အချိန်မှာ ဥပဒေသတ်မှတ်ထားသည်(၇၂)နာရီကို ကျော်လွန်ခဲ့ရာ ယင်းကိန်းဂဏန်းအားလုံးသည် သမိုင်းစံချိန်သစ်တင်ခဲ့ခြင်းဖြစ်ကြောင်း အမေရိကန် သတင်းမီဒီယာများ၏မတ် ၁၆ ရက်တွင် ဖော်ပြချက်များအရ သိရသည်။

အမေရိကန်-မက္ကဆီကို နယ်စပ် တရားမဝင်ရွှေ့ပြောင်းနေထိုင်သူများက အဓိကအားဖြင့် မက္ကဆီကိုနှင့် ဗဟိုအမေရိကတိုက်နိုင်ငံများဖြစ်သည့် ဟွန်ဒူးရပ်စ်၊ ဂွါတီမာလာနှင့်အယ်လ်ဆာဗေးဒိုနိုင်ငံများမှလာရောက်ခြင်းဖြစ်ကြောင်း သိရသည်။ နယ်စပ်ဒေသတွင် ရွှေ့ပြောင်းနေထိုင်သူလူအုပ်ကြီးထပ်မံဖြစ်ပေါ်လာခြင်းကြောင့် ရီပတ်ဘလစ်ကန်ပါတီက ဘိုင်ဒန်အစိုးရ၏ လူဝင်မှုကြီးကြပ်‌ရေးမူဝါဒဖြေလျှော့မှုကြောင့် အမေရိကန်-မက္ကဆီကို နယ်စပ် အကျပ်အတည်းဖြစ်ပေါ်လာရကြောင်း ပြစ်တင်ဝေဖန်ထားသည်။ ဘိုင်ဒန်အစိုးရက ရွှေ့ပြောင်းနေထိုင်သူလူအုပ်လှိုင်းလုံးကြီးဖြစ်ပေါ်လာရခြင်းမှာ တရားမဝင်ရွှေ့ပြောင်းနေထိုင်ရန်လာရောက်သည့်နိုင်ငံများ၏ ဆင်းရဲနွမ်းပါးခြင်း၊အကြမ်းဖက်ခြင်း၊ အကျင့်ပျက်ခြစားခြင်းကြောင့်ဖြစ်သလို ကိုဗစ်ကပ်ရောဂါဂယက်လှိုင်းကြောင့်နှင့် ထရမ့်အစိုးရ၏ လုပ်ဆောင်ချက်များကြောင့် ဖြစ်ကြောင်း ဆိုသည်။ (Xinhua)

——————————————-
(Chinese Version)

(国际)美墨边境出现20年来规模最大非法移民潮

 新华社华盛顿3月16日电(记者徐剑梅 邓仙来)美国国土安全部长亚历杭德罗•马约卡斯16日在一份声明中说,美国和墨西哥边境非法移民数量达到20年来最高水平,美方驱逐了大多数单身成年非法移民和非法移民家庭,但不会驱逐无人陪伴的非法移民儿童。

马约卡斯说,美国政府正在建设新的非法移民儿童收容设施,与墨西哥合作助其接收被美国驱逐的非法移民家庭,并针对避难申请者制订方案。他说,拜登政府的目标是建立“安全、合法、有序的移民体系”,既要保障边境安全,又要依法解决非法移民儿童困境,促使他们家庭团聚。

  美国海关和边境保护局数据显示,今年2月,美国执法人员在美墨边境逮捕或驱逐了逾10万名非法移民,为2019年以来单月最高。美媒16日报道说,目前在美墨边境被拘留的非法移民儿童超过4200人,其中近3000人被拘留时间已超过72小时法定时限,两个数据均创历史新高。

据报道,美墨边境非法移民主要来自墨西哥及中美洲国家萨尔瓦多、危地马拉和洪都拉斯。面对美墨边境再度涌起的移民潮,美国共和党人指责拜登政府放松移民政策,导致美墨边境“危机”;拜登政府则将移民潮归因于非法移民来源地国的“贫困、暴力和腐败”、新冠疫情冲击及特朗普政府举措。(完)

图说1: 3月10日,在美国得克萨斯州,经由里奥格兰德河跨过美墨边境的洪都拉斯移民儿童等待乘车。
图说2:3月10日,在美国得克萨斯州,经由里奥格兰德河跨过美墨边境的洪都拉斯移民抱着孩子等待乘车。

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.